Connect with us

News

မအူပင်စက်မှုဇုန်ကို ကျပ် သန်းပေါင်း ၂၉၁၂၁၃ သန်း ရင်းနှီးမြှုပ်နှံတည်ဆောက်မည်

မအူပင်စက်မှုဇုန်စီမံကိန်းစတင်တည်ဆောက်မည့် မြေနေရာအား တွေ့ရစဉ်(ဓာတ်ပုံ- မြဝတီ)

ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်အတွင်း ဧကပေါင်း ၂၈၃ ဒသမ ၄၁ ဧကအကျယ်အဝန်းရှိ မြေပေါ်တွင် ကျပ်သန်းပေါင်း ၂၉၁၂၁၃ သန်း ရင်းနှီးမြှုပ်နှံပြီး မအူပင်စက်မူဇုန်တည်ဆောက်မည်ဖြစ်ကြောင်း တည်ဆောက်မည့်ကုမ္ပဏီထံမှ သိရသည်။

အဆိုပါ စီမံကိန်းအား ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည့် ခန့်မှန်းပမာဏမှာ ငွေကျပ်သန်းပေါင်း ၂၆၉၁ဝဝ သန်း ခန့်မှန်း ထားပြီး အခြေခံ အဆောက်အဦများ အတွက် ခန့်မှန်း ပမာဏမှာ ငွေကျပ်သန်းပေါင်း ၂၂၁၁၃ သန်းခန့်မှန်းထားကာ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ငွေကျပ်သန်းပေါင်း ၂၉၁၂၁၃ သန်း ကုန်ကျခံ ခန့်မှန်းထားသည်။

မအူပင် စက်မှုဇုန် စီမံကိန်းအား မအူပင် ဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူ အစုရှယ်ယာရှင် ၂၆ ဦးဖြင့် စတင်ခဲ့ကြောင်း၊ မအူပင် ဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ အစု ရှယ်ယာရှင် ၁၃၄ ဦးပါဝင်ကာ Shanghai Yangon Investment ကုမ္ပဏီလီမိတက်မှ ၅၅ ရာခိုင်နှုန်း၊ မအူပင် ဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ ၃ဝ ရာခိုင်နှုန်း၊ Southern Metal Industry ကုမ္ပဏီလီမိတက်မှ ၁၅ ရာခိုင်နှုန်း JOINT ရင်းနှီးမြှုပ်နှံမှု ပါဝင်ကြောင်း မအူပင် စက်မှုဇုန် စီမံကိန်းထံမှ သိရသည်။

ယင်း မအူပင် စက်မှုဇုန် စီမံကိန်းအား မအူပင်မြို့နယ် ညောင်ဝိုင်းကွင်း၊ ပံတပွတ် အနောက်ကွင်းရှိ ညောင်ဝိုင်းကျေးရွာအုပ်စုနှင့် ပံတပွတ်ကျေးရွာ အုပ်စု ဆက်စပ်နေရာအနီး၌ တည်ဆောက် ဆောင်ရွက်မည်ဖြစ်သည်။

ယင်း မအူပင်စက်မူဇုန်စီမံကိန်းအတွင်း အထည်ချုပ်စက်ရုံ ၄၂ ရုံ၊ စားသောက်ရေးဆိုင်ရာ စက်ရုံ သုံးရုံ၊ နေထိုင်ရေးဆိုင်ရာ လုပ်ငန်းစက်ရုံ သုံးရုံ၊ စာပေ အနုပညာဆိုင်ရာ လုပ်ငန်း စက်ရုံ တစ်ရုံ၊ လျှပ်စစ်ပစ္စည်း စက်ရုံတစ်ရုံတို့ဖြင့် စက်ရုံစုစုပေါင်း ၅ဝ ဆောက်လုပ်ရန် လျာထားကြောင်း သိရသည်။

ဧရာဝတီတိုင်း ဒေသကြီးရှိ မအူပင် စက်မှုဇုန် စီမံကိန်းကို သုံးနှစ်တာ ကာလအတွင်း အပြီးသတ် တည်ဆောက်သွားမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.