Connect with us

News

တရုတ်နိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံ၌ ကူညီဖောက်လုပ်ပေးထားသည့် အမျိုးသားလမ်းမကြီး ဖွင့်လှစ်

TAKEO ၊ ကမ္ဘောဒီးယား၊ မတ် ၄ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံတွင် တရုတ်နိုင်ငံ၏ ရန်ပုံငွေပံ့ပိုးမှုဖြင့် တည်ဆောက်ထားပြီး မြို့တော် ဖနွမ်းပင်နှင့် နိုင်ငံ အနောက်တောင်ပိုင်း ကမ်းရိုးတန်းပြည်နယ် Kampot တို့အား ချိတ်ဆက်ထားသည့် အမှတ် ၃ အမျိုးသားလမ်းမကြီး အား ပြီးခဲ့သည့် မတ် ၃ ရက်၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မြို့တော်၏ အနောက်ပိုင်း ဆင်ခြေဖုံးရှိ Chom Chao အဝိုင်းမှ Kandal, Kampong Speu နှင့် Takeo ပြည်နယ်များအား ဖြတ်သန်းလျက် Kampot ပြည်နယ်အထိ ဖောက်လုပ်ထားသော လမ်းသည် ကီလိုမီတာ ၁၃၄.၈ ရှည်လျားသည်။

အဆိုပါ လမ်းဖွင့်လှစ်ဖွင့်ပွဲအခမ်းအနားအား ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက် တက်ခ်ချို ဟွန်ဆန် (Samdech Techo Hun Sen) နှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံမတ်ကြီး Wang Wentian တို့က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အခမ်းအနားသို့ လူ ၁,၀၀၀ နီးပါး တက်ရောက်ခဲ့ကြသည်။

၎င်းလမ်းမကြီးသည် စီးပွားရေးနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန် အရေးပါကြောင်းနှင့် Kampot ပြည်နယ်သည် ကမ္ဘောဒီးယားနိုင်ငံအတွက် ဆားထုတ်လုပ်ပေးသော တစ်ခုတည်းသော ပြည်နယ်လည်း ဖြစ်ကြောင်း ဟွန်ဆန်က အခမ်းအနား၌ ပြောကြားခဲ့သည်။

၎င်းလမ်းမကြီးအား တရုတ်နိုင်ငံ လမ်းနှင့် တံတား ပူးပေါင်းဆောင်ရွက်မှုမှ တည်ဆောက်ထားခြင်း ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၁၅ သန်းခန့် ကုန်ကျခဲ့ကြောင်း၊ တရုတ်နိုင်ငံ အစိုးရထံမှ ဦးစားပေးဝယ်ယူသူ၏ ချေးငွေလည်း ဖြစ်သည်။ ယင်းလမ်းမကြီးကို အချိန် ၃၄ လကြာ တည်ဆောက်ခဲ့ကြောင်း သိရသည်။

ဟွန်ဆန်က လမ်းမကြီးအား လျာထားသည်ထက် အချိန် ၁၄ လစော၍ တည်ဆောက်ပြီးစီးခဲ့သဖြင့် လမ်းတည်ဆောက်သူကန်ထရိုက်တာအား ချီးကျူးခဲ့ပြီး နည်းပညာဆိုင်ရာ စံချိန်စံညွှန်းများဖြင့် ကောင်းမွန်စွာ လိုက်နာဆောင်ရွက်ကာ လမ်းတည်ဆောက်ခဲ့ခြင်းအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

အမှတ် ၃ အမျိုးသားလမ်းမကြီးသည် ဖနွမ်းပင်နှင့် Kampot ကမ်းရိုးတန်းပြည်နယ်အား ချိတ်ဆက်ထားသည့် အဓိကကျသော သယ်ယူပို့ဆောင်ရေးလမ်းကြောတစ်ခု ဖြစ်ကြောင်း ၊ အဆိုပါ လမ်းမကြီးအနေဖြင့် စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းအပြင် လမ်းကြောင်းတစ်လျှောက်ရှိ ပြည်သူများ၏ အသက်မွေးဝမ်းကျောင်း မြှင့်တင်ရာတွင် အရေးပါသော အခန်ကဏ္ဍမှ ပါဝင်လိမ့်မည်ဖြစ်ကြောင်း သံအမတ်ကြီး Wang က ဆိုသည်။

COVID-19 ကပ်ရောဂါကြောင်း ပြည်သူများနှင့် ထောက်ပံ့သယ်ပို့လုပ်ငန်း စီးဆင်းမှုအား ဆိုးဝါးစွာ သက်ရောက်မှုရှိခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၏ အဓိကစီမံကိန်းအချို့တွင် ကပ်ရောဂါဖိအားကို ကြံ့ကြံ့ခံနိုင်ခဲ့ကြောင်းနှင့် မြင့်မားသော အရည်အသွေးနှင့် စီစဉ်ထားသည့်အတိုင်း အောင်မြင်စွာပြီးစီးနိုင်ခဲ့ပြီဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

——————————-
(English Version)
Cambodia inaugurates China-funded national road connecting capital, coastal province

TAKEO, Cambodia, March 3 (Xinhua) — Cambodia on Wednesday inaugurated the China-funded expanded National Road No. 3 which links the capital Phnom Penh and the southwestern coastal province of Kampot.
The 134.8-km expanded road starting from Chom Chao roundabout in Phnom Penh’s western suburb runs through Kandal, Kampong Speu and Takeo provinces.
Cambodian Prime Minister Samdech Techo Hun Sen and Chinese Ambassador to Cambodia Wang Wentian both addressed the inauguration ceremony, which was attended by nearly 1,000 people.
Hun Sen said the road is crucial to boosting economic and tourism development and that Kampot is the only province that produces salt for the kingdom.
The road was built by the China Road and Bridge Corporation (CRBC) at a cost of about 215 million U.S. dollars, and the project, which began in October 2018, was funded by the Chinese government.
Hun Sen praised the Chinese contractor for completing the project earlier than scheduled and thanked it for building the road in full compliance with technical standards.
Wang said National Road No. 3 is a key transportation artery for Cambodia, and expressed the belief that it will play a crucial role in boosting economy and tourism as well as improving the livelihoods of people along the route.
Its opening to traffic truly reflects the strong momentum and fruitful results of the China-Cambodia pragmatic cooperation, he said.

Produced by Xinhua Global Service

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.