Connect with us

News

ထိုင်းနိုင်ငံ ကော့စမွီကျွန်းသား ၁၀၀ ကျော် တုပ်ကွေးရောဂါ ဖြစ်ပွား

ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ကော့စမွီကျွန်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ၏ နာမည်ကျော်ကြားသော အပန်းဖြေ စခန်းရှိရာ ကော့စမွီကျွန်းရှိ လူပေါင်း ၁၀၀ ကျော်သည် တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ အစောပိုင်းကတည်းက ကော့စမွီဆေးရုံသို့ တက်ရောက်ခဲ့သည့် တုပ်ကွေးရောဂါ ခံစားခဲ့သည့် လူနာ ၁၂၈ ဦး ရှိခဲ့ကာ တစ်ဦး သေဆုံးခဲ့ကြောင်း၊ အများစုမှာ အသက် ၁၅ နှစ်နှင့် ၃၅ နှစ်ကြား အသက်အရွယ်များ ဖြစ်ကြောင်း၊ ယင်း ပမာဏမှာ ကြောက်မက်ဖွယ် များပြားကြောင်း အဆိုပါ ဆေးရုံ၏ ညွှန်ကြားရေးမှူး Thirasak Viriyanond က ယနေ့ (ဇန်နဝါရီလ ၃၁ ရက်) တွင် ပြောကြားခဲ့သည်။

တုပ်ကွေးရောဂါ ကူူးစက်ခံရသူအများစုသည် ထိုင်းနိုင်ငံ တောင်ပိုင်း စူရတ်ဋ္ဌာနီပြည်နယ် ပြင်ပရှိ ပြည်ပ ခရီးသွားများ လာရောက်လေ့ရှိသော ကျွန်းတစ်လျှောက်ရှိ ဟိုတယ်များ၊ တည်းခိုခန်းများနှင့် စားသောက်ဆိုင်များတွင် လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမားများ ဖြစ်ကြောင်း သိရသည်။

ကော့စမွီကျွန်းတွင် နေထိုင်သူများနှင့် လာရောက်လည်ပတ်သူများအား ခြင်ကိုက် မခံကြရန်၊ ခြင် ခိုအောင်းနိုင်သော နေရာများအား ဖယ်ရှားကြရန်၊ ပိုးလောက်လန်းများအား နှိမ်နင်းရန်နှင့် ခြင်ပေါက်ပွားနိုင်သည့် မသန့်ရှင်းသော ရေများအား သွန်ပစ်ရန် Thirasak က အကြံပြုထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.