Connect with us

News

ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ် နယူးယောက်မြို့၌ ရုတ်တရက်ကွယ်လွန်ခဲ့

ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ် Vitaly Churkin အားတွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဖေဖော်ဝါရီ (ဆင်ဟွာ)

ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ် Vitaly Churkin သည် ဖေဖော်ဝါရီ ၂၀ ရက်က နယူးယောက်မြို့တွင် ရုတ်တရက် ကွယ်လွန်သွားခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဋ္ဌာန က ထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ ရုရှားနိုင်ငံ၏ အမြဲတမ်းသံအမတ် Vitaly Churkin သည် ၎င်း၏ ၆၅နှစ်ပြည့် မွေးနေ့မတိုင်ခင် ကွယ်လွန်ခြင်းအား ရုရှားနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ဝမ်းနည်းစွာ ကြေညာခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိပြီး သေဆုံးရခြင်းအကြောင်းရင်းကို ဖော်ပြထားခြင်းမရှိကြောင်း သိရသည်။

ဝန်ကြီးဋ္ဌာန က ဝမ်းနည်းကြောင်းဖော်ပြခဲ့ပြီး Churkin အား ၂၀၀၆ခုနှစ်မှစ၍ ကုလသမဂ္ဂတွင် ရုရှားသံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ပါးနပ်လိမ္မာသည့် သံတမန်တစ်ယောက် အဖြစ် ချီးကျူးဂုဏ်ပြုခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် လက်ထောက်ပြောရေးဆိုခွင့်ရှိသူ Farhan Haq က Churkin ရုတ်တရက်ကွယ်လွန်သွားကြောင်း ကြားသိရသည့်အတွက် အလွန်ပင် ထိတ်လန့်ခဲ့ရပါကြောင်း နှင့် ၎င်းကွယ်လွန်မှုအတွက် ဝမ်းနည်းရပါကြောင်း ပြောကြားခဲ့သည်ကို RIA Novosti သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.