Connect with us

News

ယခုနစ်အတွင်း ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒ နယ်မြေများကို ကော်မရှင်မှ သတ်မှတ် ထုတ်ပြန်

၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနေသူ တစ်ဦး (ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

ယခုနှစ်အတွင်း ကျင်းပရန်ရှိသည့် ၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် နိုင်ငံအန့ှံ ပြုလုပ်မည့် ပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော် ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်တို့အတွက် စုစုပေါင်း (၁၁၇၁) နယ်မြေပါဝင်သည့် သတ်မှတ် မဲဆန္ဒနယ် နေရာများကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) မှ ထုတ်ပြန် ကြေငြာ လိုက်သည်။

“အခု သတ်မှတ်လိုက်တဲ့ မဲဆန္ဒနယ်တွေက အရင်ကျင်းပခဲ့တဲ့ (၂၀၁၀) ရွေးကောက်ပွဲတုန်းက သတ်မှတ် မဲဆန္ဒနယ် အတိုင်းပါပဲ။ အပြောင်းအလဲမရှိပါဘူး။ အခုသတ်မှတ်လိုက်တဲ့ မဲဆန္ဒ နယ်မြေ တွေကတော့ ရွေးကောက်ပွဲ ကျင်းပဖို့သတ်မှတ်ပေးထားတဲ့ နေရာတွေ ဖြစ်ပါတယ်။

ကျင်းပ နိုင်ခြင်း ရှိ/မရှိ ဆိုတာကတော့ နောက်တစ်ဆင့်ပါ။ ကော်မရှင် လုပ်ပိုင်ခွင့်အရတော့ လုံခြုံရေး အခြေအနေနဲ့သဘာဝ ဘေးအန္တရာယ်တွေ ရှိလာမယ်ဆိုရင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ အခြေအနေမရှိရင် ဥပဒေ ပြဌာန်းထားတဲ့အတိုင်း ဆက်လက် ဆောင်ရွက် သွားမယ်။ ရွေးကောက်ပွဲ နားနီးမှပဲ ဆောင်ရွက်သွားဖို့ရှိပါတယ်”ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သတ်မှတ်ထားသည့် မဲဆန္ဒ နယ်မြေများထဲတွင် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် (၃၃၀) နယ် ၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် (၁၆၈) နယ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် (၆၄၄) နယ်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် (၂၉) နယ် စုစုပေါင်း (၁၁၇၁) နယ်မြေတို့ဖြစ်သည်။

၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို ယခုလအတွင်း ထုတ်ပြန် ကြေငြာပေးသွားရန် ရှိပြီး အောက်တိုဘာ လကုန်နှင့် နိုဝင်ဘာ လဆန်းအတွင်း ကျင်းပမည် ဖြစ်သည်။ ယခု လက်ရှိအချိန်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် တရားဝင် မှတ်ပုံတင်ထားသည့် နိုင်ငံရေး ပါတီပေါင်း (၈၃) ခု ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.