Connect with us

INTERNATIONAL ORGANIZATION

တရုတ်နိုင်ငံက ရှင်းကျန်းဒေသသို့ လာရောက်မည့် ကုလသမဂ္ဂလူအခွင့်အရေးဆိုင်ရာအကြီးအကဲအား ကြိုဆိုကြောင်း နိုင်ငံခြားရေးဝန်ကြီး ပြောကြား

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ရုပ်သံလင့်ခ်မှတစ်ဆင့် ၅၈ ကြိမ်မြောက် မြူးနစ်လုံခြုံရေးညီလာခံသို့ တက်ရောက်နေသည်ကို ဖေဖော်ဝါရီ ၁၉ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဖေဖော်ဝါရီ ၂၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသည် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Michelle Bachetle ၏ ရှင်းကျန်းဒေသသို့ ခရီးစဉ်အပါအဝင် တရုတ်နိုင်ငံခရီးစဉ်အား ကြိုဆိုကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။ဝမ်ရိက ရုပ်သံလင့်ခ်မှတစ်ဆင့် ၅၈ ကြိမ်မြောက် မြူးနစ်လုံခြုံရေးညီလာခံအား တက်ရောက်ခဲ့ပြီး တရုတ်နိုင်ငံ၏ ရှင်းကျန်းဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ပတ်သက်၍ မေးမြန်းမှုများအား တုန့်ပြန်ရာတွင် ထိုကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံအနေဖြင့် Bachetle အား ကြိုဆိုသည်ကို ထုတ်ဖော်ပြောကြားခဲ့သည်မှာ ကြာမြင့်နေပြီ ဖြစ်ကြောင်း ၊ Bachetle ၊ သူ၏ရုံးအဖွဲ့တို့နှင့် ဆွေးနွေးလျက် ရှိကြောင်း နှင့် Bachetle ၏ ခရီးစဉ်အတွင်း ငြိမ်းချမ်းမှု နှင့် တည်ငြိမ်မှု ရှိသော လူမျိုးစုဝင်များအားလုံး သဟဇာတရှိရှိ နေထိုင်နေကြသည့် ရှင်းကျန်းဒေသကို တွေ့မြင်ရမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ရှင်းကျန်းဒေသသည် အကြမ်းဖက်သမား နှင့် အစွန်းရောက်အင်အားစုများ စုစည်းနေသည့် နယ်မြေနှင့် ကပ်လျှက်ရှိကြောင်း မှတ်ချက်ပြုကာ ရှင်းကျန်းဒေသအစိုးရသည် ပြည်သူများ၏ လုံခြုံမှုကို ထိန်းသိမ်းစောင့်ရှောက်ရန် ဗြိတိန် ၊ ပြင်သစ် နှင့် နိုင်ငံတကာဓလေ့ထုံးစံများ အပါအဝင် နိုင်ငံများ၏ ကျင့်ထုံးများနှင့်အညီ ပညာရေးမှတစ်ဆင့် အစွန်းရောက် စိတ်နေစိတ်ထားအမူအကျင့် လျော့ပါးရေးကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ထိုကဲ့သို့ လုပ်ဆောင်မှုသည် အစွန်းရောက်ဝါဒ ခြေကုပ်မြေ မဖြစ်အောင် ရှင်းလင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း နှင့် ရှင်းကျန်းဒေသရှိ ပြည်သူများ၏ အားပေးထောက်ခံမှုကို ရရှိခဲ့ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ငါးနှစ်အတွင်း ယင်းဒေသ၌ ပဋိပက္ခအကြမ်းဖက် ဖြစ်စဉ်များ မရှိကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

စနစ်တကျ “အတင်းအကြပ်လုပ်အားပေးခိုင်းစေမှု” နှင့် “ပြန်လည်-ပညာပေးစခန်းများဖွင့်လှစ်ထားရှိမှု”စသည့် ပြောဆိုနေခြင်းများသည် အားလုံး သည် အလိမ်အညာများ နှင့် လုပ်ဇာတ်ခင်းခြင်းများ ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ယင်းကိစ္စ၏ အမှန်တရားကို လေ့လာရန် နိုင်ငံခြားသားများအား ရှင်းကျန်းဒေသသို့ လာရောက်ရေးကြိုဆိုဖိတ်ခေါ်ကြောင်း ဝမ်ရိက ပြောကြားခဲ့ပြီး COVID-19 ကပ်ရောဂါ မဖြစ်ပွါးမီ ရှင်းကျန်းဒေသသို့ နိုင်ငံ နှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း ၁၀၀ ကျော်မှ အစိုးရအရာရှိ ၊ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ် နှင့် သတင်းထောက် စုစုပေါင်း ၂,၀၀၀ ကျော် လာရောက်ခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်။

“ဒါပေမယ့် သေချာတာ တစ်ခုတော့ ရှိပါတယ်။ ရှင်းကျန်းဒေသက လူမျိုးစုဝင်တွေအားလုံးဟာ ပြစ်မှုကျူးလွန်ထားတယ်လို့ယူဆချက်အပေါ် အခြေခံတဲ့ ဘယ်လိုစုံစမ်းစစ်ဆေးမှုမျိုးကိုမဆို မကြိုဆိုပါဘူး။သူတို့ဟာ တရုတ်နိုင်ငံရဲ့ လူမျိုးစုမူဝါဒတွေအပေါ် အကျိုးပျက်စေမယ့် အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်အမျိုးမျိုးကို ပြတ်ပြတ်သားသားဆန့်ကျင်ပါတယ်။”ဟု ဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua)

———————————————
(English Version)

China welcomes UN human rights chief to visit Xinjiang: FM

BEIJING, Feb. 19 (Xinhua) — China welcomes UN High Commissioner for Human Rights Michelle Bachelet to visit the country, including a visit to Xinjiang, Chinese State Councilor and Foreign Minister Wang Yi said on Saturday.

Wang attended the 58th Munich Security Conference via videolink and made the remarks in responses to queries concerning China’s Xinjiang Uygur Autonomous Region.

Wang said China has long expressed its welcome to Bachelet, and is discussing with Bachelet and her office on the schedule, and Bachelet will see a Xinjiang where peace and stability are maintained and people of all ethnic groups live in harmony during her visit.

Noting that Xinjiang is adjacent to an area where terrorist and extremist forces are concentrated, Wang said the local government of Xinjiang, in order to maintain the safety of the people, carried out deradicalization work through education, in accordance with the practices of countries including Britain and France and international practices.

Such work has fundamentally eliminated the soil of extremism, and won the support of the people in Xinjiang, Wang said, adding that in the past five years, there have been no violent terrorist incidents in the region.

The so-called systematic “forced labour” or “re-education camps” are all lies and fabrication, Wang said.
China welcomes foreigners to visit Xinjiang to learn the truth of the matter, Wang said, noting that before the outbreak of the COVID-19 pandemic, Xinjiang had received more than 2,000 government officials, religious figures and journalists from more than 100 countries and international organizations.

“But one thing is certain, people of all ethnic groups in Xinjiang do not welcome any investigation based on the presumption of guilt, and they firmly oppose all kinds of prejudice and groundless accusations against China’s ethnic policies,” Wang said. ■

Photo – Chinese State Councilor and Foreign Minister Wang Yi delivers a keynote speech at the 58th Munich Security Conference (MSC) via video link in Beijing, capital of China, Feb. 19, 2022. (Xinhua/Shen Hong)