Connect with us

News

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ကမ္ဘာ့အင်တာနက်ကွန်ဖရင့် ဝူးကျန့်ထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်းပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၂၀၂၃ ခုနှစ် ကမ္ဘာ့အင်တာနက်ကွန်ဖရင့် ဝူးကျန့်ထိပ်သီးအစည်းအဝေးတွင် ဗီဒီယိုမှတစ်ဆင့် မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသော ၂၀၂၃ ခုနှစ် ကမ္ဘာ့အင်တာနက်ကွန်ဖရင့် ဝူးကျန့်ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနား၌ ဗီဒီယိုမှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။
သမ္မတ ရှီက နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ဆိုက်ဘာကဏ္ဍတွင် ကဏ္ဍသစ်ဖွင့်လှစ်ခြင်းဆိုင်ရာ အေးအတူ ပူအမျှ အသိုက်အဝန်းတစ်ရပ် အတူတကွတည်ဆောက်ရေးအတွက် ကူးလူးဆက်ဆံမှုများနှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန် လိုအပ်ကြောင်း မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံများနှင့် ပြည်သူများအနေဖြင့် အင်တာနက်ဖွံ့ဖြိုးတိုးတက်မှု၏ အသီးအပွင့်များ ပိုမိုခံစားခွင့်ရရှိစေရန် ဖွံ့ဖြိုးတိုးတက်မှုဦးစားပေးရေးအတွက် ရှီက တိုက်တွန်းခဲ့သည်။

ပိုမိုငြိမ်းချမ်း၍ လုံခြုံစိတ်ချမှုရှိသော ဆိုက်ဘာကဏ္ဍတစ်ခု တည်ဆောက်ရေးအတွက် သမ္မတ ရှီက တိုက်တွန်းလျက် ဆိုက်ဘာရပ်ဝန်းနှင့် နိုင်ငံတစ်နိုင်ငံချင်းစီ၏ အင်တာနက်စီမံအုပ်ချုပ်မှုနည်းလမ်းကို လေးစားမှုရှိရန် လိုအပ်ကြောင်းနှင့် ဗိုလ်ကျစိုးမိုးမှု၊ အုပ်စုဖွဲ့ထိပ်တိုက်ရင်ဆိုင်မှုနှင့် ဆိုက်ဘာကဏ္ဍ၌ လက်နက်ကိုင် တိုက်ပွဲဆင်နွှဲမှုကို ဆန့်ကျင်ကန့်ကွက်ရန် လိုအပ်ကြောင်းလည်း အလေးထားပြောကြားခဲ့သည်။

ထို့ပြင် သမ္မတ ရှီက ပိုမို၍ ညီမျှမှုရှိပြီး အားလုံးပါဝင်သော ဆိုက်ဘာကဏ္ဍတစ်ရပ် တည်ဆောက်ရေးကိုလည်း တိုက်တွန်းခဲ့ကြောင်း၊ လူသားမျိုးနွယ်၏ ဘုံတန်ဖိုးထားမှုစံနှုန်းများအား ပိုမိုကောင်းမွန်စွာ မြှင့်တင်ရန် လိုအပ်မှုကို အလေးထားပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Xi addresses World Internet Conference Wuzhen Summit via video
BEIJING, Nov. 8 (Xinhua) — Chinese President Xi Jinping on Wednesday addressed the opening ceremony of the 2023 World Internet Conference Wuzhen Summit via video.
In his speech, Xi stressed that the international community needs to deepen exchanges and practical cooperation to jointly advance the building of a community with a shared future in cyberspace to a new stage.
He called for prioritizing development to let the fruits of internet development benefit more countries and people.
Calling for building a more peaceful and secure cyberspace, Xi stressed the need to respect cyber sovereignty and each country’s way of internet governance and the need to oppose seeking hegemony, bloc confrontation and arms race in cyberspace.
Xi called for building a more equal and inclusive cyberspace. He stressed the need to better promote the shared values of humanity.
Photo: Chinese President Xi Jinping addresses the 2023 World Internet Conference Wuzhen Summit via video on Nov. 8, 2023. (Xinhua/Li Xueren)