News
အဟန့်အတားစွမ်းရည်နှင့် တိုက်ခိုက်ရေးစွမ်းရည်များကို မြှင့်တင်ရန် မဟာဗျူဟာမြောက် ဒုံးလက်နက်တပ်ဖွဲ့ဝင်များအား သမ္မတ ရှီကျင့်ဖိန် တိုက်တွန်း
ဟဲဖေး၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မဟာဗျူဟာမြောက် ဒုံးလက်နက်တပ်ဖွဲ့ဝင်များအား အဟန့်အတားစွမ်းရည်နှင့် တိုက်ခိုက်ရေးစွမ်းရည်များကို မြှင့်တင်ရန်၊ ပါတီနှင့် ပြည်သူလူထုက အပ်နှင်းထားသော တာဝန်များကို ဦးလည်မသုန် ကျေပွန်စွာထမ်းဆောင်ရန် တိုက်တွန်းပြောကြားခဲ့သည်။တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဒုံးလက်နက်တပ်ဖွဲ့အား အောက်တိုဘာ ၁၇ ရက်က သွားရောက်စစ်ဆေးစဉ်အတွင်း ရှီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ရှီသည် နှစ်ပေါင်း ၅၀ ကျော်တိုင်တိုင် ဂုဏ်ယူဖွယ် သမိုင်းအစဉ်အလာရှိခဲ့သည့် မဟာဗျူဟာမြောက် ဒုံးလက်နက်တပ်ဖွဲ့ဆီသို့ အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းက သွားရောက်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် တရုတ်ကွန်မြူနစ်ပါတီ ၁၈ ကြိမ်မြောက် ပြည်လုံးဆိုင်ရာကွန်ဂရက် ကျင်းပခဲ့ပြီးနောက်ပိုင်း အဆိုပါ ဒုံးလက်နက်တပ်ဖွဲ့အနေဖြင့် လက်တွေ့တိုက်ပွဲဝင်နိုင်မှု အခြေအနေများအတွက် လေ့ကျင့်မှုများကို အခိုင်အမာလုပ်ဆောင်ခဲ့ကာ အဓိက လုပ်ငန်းတာဝန်များကိုလည်း အောင်မြင်စွာထမ်းဆောင်ခဲ့သည်။
ကောင်းမွန်သော ကွပ်ကဲအုပ်ချုပ်မှုရှိရေး၊ လက်ဝယ်ရှိ စစ်လက်နက်များအား အကောင်းဆုံးအသုံးချနိုင်ရေး၊ ပါတီနှင့် ပြည်သူလူထု၏ ယုံကြည်မှုကို ဆက်လက်ထိန်းသိမ်းရေးတို့အတွက်လည်း ယင်းဒုံးလက်နက်တပ်ဖွဲ့မှ အရာရှိ၊စစ်သည်များကို ရှီက တိုက်တွန်းခဲ့သည်။
ထို့နောက် ဒုံးလက်နက်တပ်ဖွဲ့၏ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှီအား အစီရင်ခံတင်ပြခဲ့ပြီးနောက် ရှီက မိန့်ခွန်းပြောကြားခဲ့သည်။ အဆိုပါမိန့်ခွန်း၌ ရှီက လက်နက်ကိုင်တပ်များအပေါ် ပါတီ၏ အပြည့်အဝ ဦးဆောင်မှုအား ထိန်းသိမ်းခြင်းနှင့် ပါတီအင်အား တည်ဆောက်မှုကို ဦးစားပေးအဆင့်အဖြစ် ခိုင်ခိုင်မာမာလုပ်ဆောင်ခြင်း၏ အရေးပါပုံကို အလေးအနက်ပြောကြားခဲ့သည်။
နိုင်ငံ၏ မဟာဗျူဟာဆိုင်ရာ လုံခြုံမှုနှင့် အဓိက အကျိုးစီးပွားများကို ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် တပ်ဖွဲ့ဝင်အားလုံး၏ လေ့ကျင့်မှုများကို အရှိန်မြှင့်တင်ရေး၊ တိုက်ပွဲအတွက် အသင့်ဖြစ်မှုကို တိုးမြှင့်ရေး၊ တိုက်ခိုက်ရေးစွမ်းရည် မြှင့်တင်ရေးတို့အတွက် ကြိုးပမ်းသွားရန်လည်း ရှီက တိုက်တွန်းခဲ့သည်။
ထို့ပြင် အသုံးအဆောင်ပစ္စည်းအသစ်များ၊ ကျွမ်းကျင်မှုအသစ်များ၊ တိုက်ခိုက်ရေးနည်းလမ်းအသစ်များဖြင့် တစ်စိုက်မတ်မတ် လေ့ကျင့်မှုကို အခိုင်အမာလုပ်ဆောင်ကာ ပံ့ပိုးမှုများ တိုးမြှင့်ရန်နှင့် တိုက်ခိုက်ရေးစွမ်းရည်များကို ထိထိရောက်ရောက်နှင့် စနစ်တကျ မြှင့်တင်ရန် လိုအပ်ကြောင်းလည်း ရှီက အလေးအနက်ပြောကြားခဲ့သည်။ (Xinhua)
————————-
(English Version)
Xi urges strategic missile troops to enhance deterrence, combat capabilities
HEFEI, Oct. 19 (Xinhua) — Chinese President Xi Jinping has urged the country’s strategic missile troops to strengthen their deterrence and combat capabilities and resolutely fulfill the tasks entrusted to them by the Party and the people.
Xi, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, made the remarks while inspecting a brigade of the Chinese People’s Liberation Army Rocket Force on Thursday.
Xi visited the brigade, which is a strategic missile troop boasting a history of over 50 years, on Thursday morning. Since the 18th CPC National Congress in 2012, the brigade has strengthened its training in real combat conditions and accomplished a series of major tasks.
Xi then went to the brigade’s training field, where he learned about the tactical and technical performance of the brigade’s newly introduced weaponry and equipment and examined its training in operating the arms.
He encouraged the officers and soldiers of the brigade to have good command and make best use of the weapons in their hands, and live up to the trust of the Party and the people.
Later, Xi was briefed on the work of the brigade and made a speech. He stressed the importance of upholding the Party’s absolute leadership over the armed forces and strengthening Party-building at the primary level.
Xi demanded efforts to intensify troop training and enhance combat preparedness across the board, and improve combat capabilities, so as to effectively safeguard national strategic security and core interests.
He also emphasized the need to strengthen targeted training with new equipment, new skills and new combat methods, improve support, and systematically enhance combat capabilities. Enditem
English Caption
Chinese President Xi Jinping, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, learns about the history of a brigade, on Oct. 17, 2024. (Xinhua/Li Gang)