Local
မန္တလေး-မူဆယ် နယ်စပ်ကုန်သွယ်ရေးအနီးရှိ ရေပူစစ်ဆေးရေးဂိတ် ပြန်လည်ဖွင့်လှစ်
ရန်ကုန်၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)
ရှမ်းပြည် နယ်မြောက်ပိုင်း သိန်းနီမြို့နယ် မန္တလေး-မူဆယ် နယ်စပ်ကုန်သွယ်ရေးလမ်း ကြောင်းပေါ်ရှိ ရေပူစစ်ဆေးရေးဂိတ်ကို ဇန်န ဝါရီ ၁၆ ရက် နံနက်က ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနထံမှ သိရသည်
တရားမဝင် ကုန်သွယ်မှုများ၊ အေးခဲ အသားငါးနှင့် အန္တရာယ်ရှိ စားသောက်ကုန်များ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက် လာနေမှုကို စိစစ်ထိန်းချုပ်နိုင်ရန် ရေပူစစ်ဆေးရေးဂိတ်ကို ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်သည်။
အဆိုပါ ရေပူစစ်ဆေးရေးဂိတ်တွင် အကောက်ခွန်၊ ကုန်သွယ်ရေး (နကသ)၊ ကညန၊ လဝက၊ မူး ယစ်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တော၊ ယာဉ်ထိန်း၊ ရဲတပ်ဖွဲ့၊ ကုန်သည်စက်မှုအသင်း၊ မီဒီယာ စသည့်ဌာနဆိုင်ရာအဖွဲ့ ၁၂ ဖွဲ့ပါဝင်သည့် ပူးပေါင်းစစ်ဆေးရေးအ ဖွဲ့ဖြင့် စစ်ဆေးမည်ဖြစ်သည်။
သိန်းနီမြို့နယ် ရေပူစစ်ဆေးရေးဂိတ် ပြန်လည်ဖွင့်လှစ်မှုနှင့် ပတ်သက်ပြီး ဆန်စပါးကုန်စည်ဒိုင်(မူဆယ်)၏ အသင်းသူ/ အသင်းသားများ ၅၀ကျော်က ကန့်ကွက်ကြောင်း ပေးပို့ခဲ့သည်။
ရေပူစစ်ဆေးရေးဂိတ်ကို ၁၉၉၈ ခုနှစ်က စတင်ဖွင့် လှစ်ခဲ့ပြီး တရုတ်-မြန်မာ ပြည်ထောင်စု လမ်းမကြီးတလျှောက်တွင် စစ်ဆေးရေးဂိတ်များပြီး ကုန်စည်စီးဆင်းမှု နှေးကွေးစေသည့်အတွက် မလိုအပ်သည့် သိန်းနီမြို့နယ် ရေပူစစ်ဆေးရေးဂိတ်ကို ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ(၇)ရက်နေ့တွင် ပိတ်သိမ်းခဲ့သည်။(Xinhua)