Local
မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ်လုပ်ကိုင်ခွင့် ၁၃ခု ခွင့်ပြုထားပြီးဖြစ်ဟုဆို
ရန်ကုန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်ပြုရာ ပထမအကြိမ် နိုင်ငံခြားဘဏ် ၉ ဘဏ်နှင့်ဒုတိယအကြိမ် နိုင်ငံခြားဘဏ် ၄ ဘဏ် စုစုပေါင်း ၁၃ ဘဏ်ခွင့်ပြု ခဲ့ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဌ ဦးကျော်ကျော်မောင်က ပြောကြားသည်။
စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ဘဏ်လုပ်ငန်းဝန်ဆောင်မှုကဏ္ဍသည် အရေးကြီးသော အခန်း ကဏ္ဍ တစ်ခုဖြစ်သည့်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုအရည် အသွေးများတိုးတက်စေရန်နှင့် နိုင်ငံတကာဘဏ်လုပ်ငန်း ကျွမ်းကျင်မှုနှင့် နည်းပညာများရရှိစေ ရန်အတွက် မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်ကို ခွင့်ပြုခဲ့ကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ၏ နိုင်ငံခြားဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်ရ Shinhan ဘဏ်ခွဲဖွင့်ပွဲ အခမ်းအနားတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက မြန်မာနိုင်ငံ၏ ငွေရေးကြေး ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအစီအမံများ နိုင်ငံခြားဘဏ်များဝင်ရောက် လာခြင်း ကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် အထောက်အကူပြုစေသည့် အချက်များကို ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။(Xinhua)