Local
ယခုဘဏ္ဍာနှစ်၏ ၆လအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၅၅၉၆၄၉တန် တင်ပို့ခဲ့ဟုဆို
ရန်ကုန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)
၂၀၁၆-၁၇ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ အောက်တိုဘာလ ၂၁ ရက်ထိ ၆လအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ နှစ်ရပ်ပေါင်း တန်ချိန် ၅၅၉၆၄၉ ဒသမ ၀၈၀ တင်ပို့ခဲ့ကြောင်း တင်ပို့နိုင်ခဲ့ပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ယင်းကာလအတွင်း ပြည်ပသို့ ဆန် တင်ပို့မှုမှာ တန်ချိန် ၄၁၆၁၄ ဒသမ ၁၃၀ သာ တင်ပို့ခဲ့ပြီး ဆန်ကွဲတင်ပို့မှုမှာ တန်ချိန် ၁၄၃၄၈၄ ဒသမ ၉၅၀ တင်ပို့နိုင်ခဲ့ကာ နှစ်ရပ်ပေါင်းတင်ပို့မှုမှာ တန်ချိန် ၅၅၉၆၄၉ ဒသမ ၀၈၀ တင်ပို့ခဲ့ပြီးဖြစ်သည်။
၂၀၁၅-၁၆ ဘဏ္ဍာနှစ်ဧပြီလ ၁ ရက်မှ အောက်တိုဘာလ ၂၁ ရက် အထိ ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့မှုမှာ တန်ချိန် ၅၃၀၀၉၃ဒသမ ၀၃၆၊ ဆန်ကွဲတင်ပို့မှုမှာ တန်ချိန် ၂၃၇၆၅၉ ဒသမ ၈၀၃ ရှိခဲ့ပြီး ဆန်နှင့် ဆန်ကွဲနှစ်ရပ် ပေါင်းတန်ချိန် ၇၆၇၇၅၃ ဒသမ ၀၃၆ ရှိခဲ့သည်။
ထို့ကြောင့် ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့မှုမှာ ယခုနှစ်တွင် ယခင်နှစ်အလားတူ ကာလထက် တန်ချိန် တစ်သိန်း ကျော် လျော့နည်းခဲ့ပြီး ဆန်ကွဲတင်ပို့မှုမှာ တန်ချိန် ကိုးသောင်းကျော် လျော့နည်း တင်ပို့ခဲ့သည်။
မြန်မာနိုင်ငံအနေနှင့် ပြည်ပသို့ ဆန်တင်ပို့ရာ၌ အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသို့သာ အဓိက တင်ပို့ပြီး ပြည်တွင်း ဆန်ထွက်ရှိမှု၏ ၈၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံကို တင်ပို့နေကြောင်း သိရသည်။(Xinhua)