Local
ကုန်ပစ္စည်းများကို အရည်အသွေးစစ်ဆေးရန် ကုန်သွယ်ဖက် နိုင်ငံများ၏ ဆိပ်ကမ်းများ၌ စစ်ဆေးရေး အဖွဲ့များထားရှိမည်
ရန်ကုန်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံသို့ တင်သွင်းသည့် ကုန်ပစ္စည်းများကို အရည်အသွေး စစ်ဆေးရန် ကုန်သွယ်ဖက် နိုင်ငံများ၏ ဆိပ်ကမ်း များ၌ စစ်ဆေးရေး အဖွဲ့များ (Inspection Team) ကို လာမည့်နှစ်အတွင်း စတင်ထားရှိရန် စီစဉ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
ပြည်ပမှ တင်သွင်းလာသော ကုန်ပစ္စည်းများကို တင်သွင်းခွင့်ပါမစ်ပါ အချက်အလက်အတိုင်း ကိုက်ညီမှု ရှိ၊ မရှိကို ပြည်ပ ကုန်သွယ်ဖက်နိုင်ငံများမှ စစ်ဆေးရေး အဖွဲ့များဖြင့် စစ်ဆေးမည်ဖြစ်ကာ ယာဉ်တင်သွင်းမှု အပိုင်းကို ဦးစွာ ဆောင်ရွက်မည် ဖြစ်သည်။
အဆိုပါ ပြည်ပဆိပ်ကမ်းများ၌ တင်သွင်းကုန်များ စစ်ဆေးခြင်းမှာ ပြည်တွင်းမှ တချို့သောကုန်စည် တင်သွင်းသူများသည် တင်သွင်းခွင့် ပါမစ်ပါ ကုန်စည်များကို ဆိပ်ကမ်းအတွင်း ပြုပြင်ပြီးမှသာ ကုန်စည်ပို့ဆောင်ခြင်းများ ပြု လုပ်နေခြင်းကြောင့် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး ကပြောသည်။(Xinhua)