Connect with us

Local

ပတ်ဝန်းကျင်နှင့် ဂေဟစနစ် ပျက်စီးမှုကို တုံ့ပြန်နိုင်ရန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အရေးကြီး

အစိမ်းရောင် စီးပွားရေး အစိမ်းရောင် ဖွံ့ ဖြိုးတိုးတက်မှု ဖိုရမ်တွင် နိုင်ငံတော် သမ္မတ ဦးထင်ကျော် မိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၂၉ ရက်(ဆင်ဟွာ)

ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်နှင့် ဂေဟစနစ် ယိုယွင်း ပျက်စီးမှုကို တုံ့ပြန်နိုင်ဖို့အတွက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် အလွန် အရေးကြီးသည်ဟု မြန်မာနိုင်ငံ သမ္မတ ဦးထင်ကျော်က ယနေ့နံနက်ပိုင်း တွင် ပြောခဲ့သည်။

‘ကျွန်တော်တို့အားလုံးကို ထိခိုက်မှုတွေ ဖြစ်စေတဲ့ ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်နဲ့ဂေဟစနစ် ယိုယွင်း ပျက်စီးမှုတွေ ရာသီဥတု ပြောင်းလဲမှုတွေကို တုံ့ပြန်နိုင်ဖို့အတွက် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ဟာ အလွန်အရေးကြီးပါတယ်၊ သဘာ၀ သယံဇာတတွေနဲ့ ပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ ပါဝင် ပတ်သက် သူများ အားလုံးနဲ့အတူ လက်တွဲ ကြိုးပမ်း ဆောင်ရွက်ရာမှာ ရေရှည် စဉ်ဆက် မပြတ် သဘာ၀ သယံဇာတ အရင်းအမြစ်တွေနဲ့ ပြည့်စုံ ကောင်းမွန်တဲ့ ပတ်ဝန်းကျင် ဆိုင်ရာ စီမံ ခန့်ခွဲမှုတွေကို ထိထိရောက်ရောက် အကျိုးရှိစွာ မြှင့်တင် ဆောင်ရွက် နိုင်ဖို့အတွက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုဟာ အရေးကြီး ကြောင်း ကျွန်တော်တို့အလေးအနက် ခံယူပါတယ်” ဟုလည်း နိုင်ငံတော် သမ္မတက ပြောခဲ့သည်။

အစိမ်းရောင် စီးပွားရေး အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ်ကျင်းပနေစဉ် (ဆင်ဟွာ)

သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ အစိမ်းရောင် စီးပွားရေး အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု ( အကျိုးအမြတ်မယူသော ) အသင်းတို့ ပူးပေါင်းပြီး နေပြည်တော် MICC II တွင် ယနေ့နံနက်ပိုင်း ကျင်းပခဲ့သည့် ပဉ္စမအကြိမ် အစိမ်းရောင် စီးပွားရေး အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ်တွင် နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်များ ရရှိစေဖို့ပတ်ဝန်းကျင် ထိန်းသိမ်း ရေး ကဏ္ဍကို နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် ပေါင်းစပ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသား အဆင့် ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒနှင့် ပင်မ လုပ်ငန်းစဉ်၊ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့် လုပ်ငန်း အစီအစဉ်၊ အစိမ်းရောင် စီးပွားရေး ဆိုင်ရာ မူဘောင်နှင့် စွန့်ပစ်ပစ္စည်း စီမံမှုဆိုင်ရာ မဟာဗျူဟာ၊ လုပ်ငန်းစဉ်များကို နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ရေးဆွဲပြီး ဆောင်ရွက်လျက် ရှိကြောင်းလည်း သမ္မတက ပြောခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံက ရှေ့ဆက် ဆောင်ရွက်မည့် အစိမ်းရောင် စီးပွားရေး ကူးပြောင်း ဆောင်ရွက်မှု နည်းလမ်း အချို့ကိုလည်း ထုတ်ဖော်ပြောကြားခဲ့ရာ _ စွမ်းအင်အသစ်နှင့် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်များ ဖွံ့ဖြိုး တိုးတက်ရေးနှင့် အချိန်ကာလ သတ်မှတ်ချက်နှင့်အတူ ပြန်လည် ပြည့် ဖြိုးမြဲ စွမ်းအင် အသုံးပြုရေး အတွက် ရည်မှန်းချက် ပန်းတိုင်များ ချမှတ်ခြင်း၊ စွမ်းအင်၊ ရေ၊ မြေနှင့် ဇီ၀ မျိုးစုံ မျိုးကွဲများကို ထိန်းသိမ်းခြင်းနှင့် အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် တိုးမြှင့် ဆောင်ရွက်ခြင်း၊ စားသုံးမှုနှင့် ထုတ်လုပ်မှု ဆိုင်ရာ အပြုအမူနှင့် အလေ့အကျင့်ကောင်းများ ပြောင်းလဲခြင်း၊ ဆန်းသစ်တီထွင် ဖန်တီးမှုများကို အထောက်အပံ့ ဖြစ်စေမည့် စီးပွားရေး ဆိုင်ရာ မက်လုံးပေးမှုများနှင့် ဘဏ္ဍာရေးဆိုင်ရာ ယန္တရားများ ဖန်တီးခြင်း၊ အခွင့်အလမ်းများ ပေါ်ထွက်လာစေရေးအတွက် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် ပညာရေး မြှင့်တင်ခြင်းတို့ဖြစ်ကြောင်း ဖော်ပြ ပါရှိသည်။

အစိမ်းရောင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ၊ လက်ရှိကာလ၏ အရေးတကြီး လိုအပ်မှုနှင့် စံနမူနာ ပြောင်းလဲမှုအတွက် ဘယ်လို ဆောင်ရွက်မလဲ(Greening of Economic Growth, Challenges and Opportunities _ The Urgency of Now and How for Transformational Paradigm Change) ဟူသည့် ခေါင်းစဉ်ဖြင့် နိုဝင်ဘာ ၂၉ ရက်နှင့် ၃၀ ရက်၊ နှစ်ရက်တိုင် ကျင်းပမည့် အဆိုပါ ဖိုရမ်သို့ နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့်အတူ ဒုတိယ သမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ သံအမတ်ကြီးများ၊ အစိမ်းရောင် စီးပွားရေး အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုအသင်း(မြန်မာ)မှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ အရေးကြီး ပုဂ္ဂိုလ်များ၊ စီးပွားရေးနှင့် စက်မှုလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများ၊ ပညာရပ်နှင့် သုတေသန ဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြ သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.