Local
ကုန်သွယ်မှု လျင်မြန် ချောမွေ့စေရေး သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ် လျှော့ချနိုင်ရေး နှင့် ကုန်စည် စီးဆင်းမှု လွယ်ကူ ချောမွေ့စေရေးများ ဆောင်ရွက် ပေးရမည်

ရန်ကုန် ၊ ဇူလိုင် ၅ ရက်(ဆင်ဟွာ)
ကုန်သွယ်မှုလျင်မြန် ချောမွေ့စေရေးတွင် ကုန်ကျစရိတ်များ ကြီးမြင့်နေသည့် အတွက် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ် လျှော့ချနိုင်ရေး နှင့် ကုန်စည် စီးဆင်းမှု လွယ်ကူချောမွေ့စေရေးများကို ဆောင်ရွက် ပေးရမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားခဲ့သည်။
ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်ရေး လုပ်ငန်း ကော်မတီ အနေဖြင့် မဟာဗျူဟာ ချမှတ် ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း ၊ ကုန်သွယ်မှုတွင် ဖြေလျှော့ မှုများ ဆောင်ရွက်ပေးထားပြီး ဖြစ်ကြောင်း ၊ ကုန်သွယ်မှုတွင်လည်း ပုံမှန် ကုန်သွယ်မှု လမ်းကြောင်း တိုးတက်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်ရေး လုပ်ငန်း ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ဇူလိုင် ၄ ရက်တွင် ကျင်းပခဲ့ရာ လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားခဲ့သည်။(Xinhua)