Connect with us

Local

ကျပ် ၄၁သန်းကျော် တရားမဝင်ပစ္စည်းများကို အမြဲတမ်းစစ်ဆေးရေး စခန်းနှစ်ခု၌ ဖမ်းမိ

ဖမ်းဆီးရမိသော တရားမ၀င်ကားများအားတွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ မတ် ၂၈ ရက် (ဆင်ဟွာ)

တရားမဝင်ကုန်စည်များ တားဆီး ထိန်းချုပ်ရေးအတွက် ရေပူနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်းနှစ်ခု၌ မတ် ၂၆ရက်နေ့တွင် ကျပ် ၄၁သန်းကျော်ဖိုး ဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။

အဆိုပါ စစ်ဆေးရေးစခန်းများက တင်သွင်း/တင်ပို့ သော ကုန်ပစ္စည်းများကို စစ်ဆေးမှုပြုလုပ်ဆောင်ရွက် လျက်ရှိရာ မတ် ၂၆ ရက်တွင် ရေပူအမြဲတမ်း စစ်ဆေးရေး စခန်းက တားဆီးမှု နှစ်မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၃ ဒသမ ဝ၇၅ သန်းခန့်)၊ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေး စခန်းက တားဆီးမှု ၁ဝ မှု (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၈ ဒသမ ၅၁၇ သန်းခန့်) စုစုပေါင်းတားဆီးမှု ၁၃ မှု (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၁ ဒသမ ၅၉၂ သန်းခန့်)ကို သိမ်းဆည်း ရမိ ခဲ့ကြောင်း သိရသည်။

ထူးခြားသိမ်းဆည်းမှုအနေဖြင့် မတ် ၂၆ ရက်တွင် မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်း ပူးပေါင်း စစ်ဆေးရေးအဖွဲ့က ရှောင်ကွင်းလမ်းများသို့ လှည့်ကင်း လိုက်လံစစ်ဆေးစဉ် တရားဝင်စာရွက်စာတမ်း အထောက် အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် လိုင်စင်မဲ့ TOYOTA CROWN၊ HONDA AIRWAVE၊ HONDA ODYSSEY၊ HONDA FITနှင့်NISSAN NOTEစုစုပေါင်း မော်တော်ယာဉ်ငါးစီး (ခန့်မှန်း တန်ဖိုးငွေ ကျပ် ၁၆ ဒသမ ၅ သန်းခန့်)ကို စစ်ဆေးတွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.