Connect with us

Local

ဆိုက်ဘာ လုံခြုံရေး ကျိုးပေါက်မှု မဖြစ်ပေါ်စေရေး အရေးပေါ် စီမံချက် ရေးဆွဲ ဆောင်ရွက် လျက်ရှိ ဟုဆို

စက်တင်ဘာ ၄ ရက်တွင် ဗဟိုဘဏ် Website တိုက်ခိုက်ခံရမှုကြောင့် ၀င်ရောက် ကြည့်ရှု၍ မရသည့် အခြေအနေအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၅ ရက်(ဆင်ဟွာ)

ဆိုက်ဘာ လုံခြုံရေး မကျိုးပေါက် စေရန် အရေးပေါ်စီမံချက် ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း အမျိုးသား ဆိုက်ဘာ လုံခြုံရေးဗဟိုဌာန ၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေး ဦးစီး ဌာန ထံမှ သိရသည်။

”ကျွန်တော်တို့ဌာနအနေနဲ့ သက်ဆိုင်ရာ ဌာနတွေကို အကြောင်းကြား နှိုးဆော်ထားသလို လူငယ်ပညာရှင်တွေ၊ ဝါသနာရှင်တွေနဲ့ ပူးပေါင်းပြီး ဆိုက်ဘာလုံခြုံရေး မကျိုးပေါက်စေဖို့နဲ့ အကယ်၍ ကျိုးပေါက်မှုဖြစ်ပေါ်ခဲ့ရင် အမြန်ဆုံး ပြန်လည်ပြီး Recover လုပ်နိုင်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီအတွက် အရေးပေါ်စီမံချက် ရေးဆွဲဆောင်ရွက်လျက်ရှိပါတယ်”ဟု အမျိုးသားဆိုက်ဘာ လုံခြုံရေးဗဟိုဌာန၊ သတင်းအချက်အလက်နည်း ပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲနိုင်မိုးက ပြောကြားခဲ့ကြောင်း သိရသည်။

”ပြည်သူတွေအနေနဲ့ အင်တာနက်သုံးစွဲတဲ့အခါ ကိုယ်မသိတဲ့သူက ပေးပို့ လာတဲ့ URL Link တွေ၊ File တွေကို နှိပ်တာမျိုး၊ Download လုပ်တာမျိုး မလုပ်မိကြဖို့ လိုအပ်ပါတယ်။ ပြီးတော့ Free Software တွေ၊ Game တွေ မယူမိဖို့လည်း လိုအပ်ပါတယ်။ ဒီနောက်ကွယ်မှာ ကိုယ့်ရဲ့ Account ဒါမှမဟုတ် စက်ကို သူတို့က ထိန်းချုပ်သွားနိုင်ပါတယ်။ ကိုယ်က မလုပ်မိဖို့ လိုသလို တစ်ဆင့်ဖြန့်ဝေတာမျိုးလည်း မလုပ်သင့် ပါဘူး”။ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဗဟိုဘဏ်၏ အင်တာနက် စာမျက်နှာ http://www.cbm.gov.mm Website အား စက်တင်ဘာ ၄ ရက် နံနက် အစောပိုင်းတွင် Defacement Attack ပြုလုပ်ခြင်း ခံရသော်လည်း ပုံမှန်အခြေအနေသို့ ပြန်လည် ရရှိခဲ့ပြီ ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

သက်ဆိုင်ရာ ရုံးဌာနများအနေဖြင့် ဆိုက်ဘာ လုံခြုံရေး ကျိုးပေါက်မှုမရှိစေရေးအတွက် မိမိတို့ ၏ Website များကို စောင့်ကြည့်ကြရန်၊ လုံခြုံရေး အဆင့်မြှင့်တင်ကြရန်နှင့် လိုအပ်ပါက အမျိုးသား ဆိုက်ဘာလုံခြုံရေးဗဟိုဌာနသို့ ဆက်သွယ်ကြရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ အကြောင်းကြားစာ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ အခြားသောဝက်ဘ်ဆိုက် များ၊ အလားတူ ဆိုက်ဘာတိုက်ခိုက်မှုများ ဖြစ်ပေါ် ပါက နည်းပညာ အကူအညီရယူရန် mmCERT, အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာန၊ သတင်းအချက်အလက်နှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန ဖုန်း-ဝ၁-၆၅ဝ၈၉၁၊ ဝ၆၇-၃၄၂၂၆၃၃၊ e-mail: [email protected] သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.