Local
နိုင်ငံခြားဘဏ်လေးခုအား မြန်မာနိုင်ငံ၌ လုပ်ငန်းလည်ပတ်ခွင့်လိုင်စင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှထပ်မံခွင့်ပြု

ရန်ကုန်၊မတ်လ၆ရက်(ဆင်ဟွာ)
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြားဘဏ်လေးခုအား မြန်မာနိုင်ငံ၌ လုပ်ငန်းလည်ပတ်ခွင့်လိုင်စင် နောက်ထပ်ခွင့်ပြုလိုက်ပြီ ဖြစ်သည့်အတွက် မြန်မာနိုင်ငံ အတွင်း လုပ်ငန်းလည်ပတ်ရန် ခွင့်ပြု ထား သည့် နိုင်ငံခြားဘဏ်အရေအတွက်မှာ ၁၃ ခုရှိလာပြီဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံ၌ လုပ်ငန်းလည်ပတ်ခွင့် ပဏာမလိုင်စင် ခွင့်ပြု ထားသည့် အဆိုပါဘဏ်များမှာ ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုး ရေးဘဏ်၊State Bank of India, Sun Commercial Bank of Taiwan နှင့် hinhan Bank of South Korea တို့ဖြစ်ကြောင်း နိုင်ငံခြားဘဏ်လုပ်ငန်း လည်ပတ်ခွင့်လိုင်စင် ထုတ်ပေးရေးကော်မတီ ၏ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါ ဘဏ်လေးခုအနေဖြင့် မြန်မာနိုင်ငံ၌ အမြဲတမ်း လိုင်စင်မရမီ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ချမှတ်ပေးထားသည့် လုပ်ငန်းအစီအစဉ်များအပေါ် ၎င်းတို့၏ ဖြည့်ဆည်းပေးနိုင်မှုစွမ်းရည် ကို ပြသနိုင်ရန် ယင်းခွင့်ပြုချက်က အချိန်တစ်နှစ်ပေးထားကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ၂ဝ၁၄ခုနှစ်နှောင်းပိုင်းက ထိုင်းနိုင်ငံအပါအဝင် အာရှနိုင်ငံများ မှ ဘဏ်ကိုးခုကို နိုင်ငံအတွင်း လုပ်ငန်းလည်ပတ်ခွင့် လိုင်စင်ခွင့်ပြုခဲ့ သည်။ မြန်မာနိုင်ငံ တွင် ဒေသဆိုင်ရာပုဂ္ဂလိကဘဏ် ၂၄ ခုနှင့် အစိုးရပိုင် ဘဏ် လေးခုရှိကြောင်း သိရသည်။ (Xinhua)