Connect with us

Local

တောင်ကြီးမြို့၌့ နိုင်ငံတကာ အဆင့်မီ စီးပွားရေးဇုန်ခြောက်ခု တည်ဆောက်မှု ၇၀ ရာခိုင်နှုန်းပြီးစီး

တောင်ကြီးမြို့၌ နိုင်ငံတကာ အဆင့်မီ စီးပွားရေးဇုန် တည်ဆောက်မှုအား တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ)

တောင်ကြီးမြို့၌ နိုင်ငံတကာ အဆင့်မီ စီးပွားရေးဇုန်ခြောက်ခု တည်ဆောက်မှုမှာ ၇၀ ရာခိုင်နှုန်း ပြီးစီးလျက်ရှိကြောင်း ပြည်နယ်အစိုးရထံမှသိရသည်။

တောင်ကြီးမြို့နယ်၏ စီးပွားရေးဇုန်ဖြစ်သော အဆိုပါစီမံကိန်း သည် ပြည်တွင်း ပြည်ပခရီးသွားတို့အတွက် တစ်နေရာတည်း တွင် ပြည့်စုံသော ဝန်ဆောင်မှုကိုရရှိစေမည့်အပြင် မြန်မာပြည်တွင် တစ်ခုတည်းသာရှိသော နိုင်ငံတကာအဆင့်မီ စီးပွားရေးစင်တာ (TBC) တစ်ခုအဖြစ်လာကြောင်း စီးပွားရေးသမားများက သုံးသပ်သည်။

တောင်ကြီးမြို့ မှ လေးမိုင် တောင်ကြီး-ဟိုပုန်း ကားလမ်းမနံဘေးတွင် နိုင်ငံတကာအဆင့်မီ စီးပွားရေးဇုန်ဖြစ်သည့် တောင်ကြီးစီးပွားရေးဇုန် (TBC) ကို စင်ကာပူနိုင်ငံတွင် တည်ဆောက်သော ပုံစံအတိုင်း တည်ဆောက် လျက်ရှိကြောင်း၊ ရုပ်ရှင်ရုံ၊ ဟိုတယ်၊ ဘဏ်အပါသည့် စီးပွားရေးဇုန်ခြောက်ခုကို ပြည်နယ်အစိုးရ အဖွဲ့နှင့်ပူးပေါင်းကာ တည်ဆောက်လျက်ရှိကြောင်း သိရသည်။

ယင်းစီးပွားရေးဇုန်တွင် အမှတ် (၂) အာရှ လမ်းမကြီး ဖြစ်လာမည့် ထိုလမ်းမကြီး နံဘေးတွင် ယင်း စီးပွားရေးဇုန်အတွင်း အဆင့်မြင့် ယာဉ်ရပ်နားစခန်းကို တည်ဆောက်နေလျက်ရှိသည်။

အဆိုပါ စီမံကိန်းအတွက် မြေ ၄၅ ဒသမ ၉၈ ဧကအကျယ်တွင် ၆ ဒသမ ၆၆ ဧကအကျယ် ရှိသောမြေနေရာ၌ လူနေဈေးဆိုင်ခန်း ၇၁ လုံး၊ ၉ ဒသမ ၃၄ ဧက အကျယ်ရှိသောမြေတွင် လူနေတိုက်ခန်းများ၊ ရုပ်ရှင်ရုံ၊ အများပြည်သူ နားနေရန်နေရာ၊ ဟိုတယ်နှင့် ဘဏ်တို့ကို လည်းကောင်း၊ ပြည်တွင်း၊ ပြည်ပ ခရီးသွားများအတွက် ၆ ဒသမ ၂၈ ဧကအကျယ်တွင် ယာဉ် ၂၄ စီး ရပ်နားရန် နေရာနှင့် အဆောက်အအုံများကို လည်းကောင်း၊ ၁၁ ဒသမ ၉၀ ဧကအကျယ်တွင် ကုန်သိုလှောင်ရုံအလုံး ၅၀ ကိုလည်းကောင်း၊ ၇ ဒသမ ၁၇ ဧက အကျယ်တွင် နှစ်ခန်းတွဲအိမ်ရာကို လည်းကောင်း၊ ၄ ဒသမ ၆၇ ဧကတွင် ကားပါကင်တို့ကို လည်းကောင်း တည်ဆောက်ထားရှိကာ စူပါမားကတ်နှင့် ကြယ်သုံးပွင့်အဆင့်ရှိ ဟိုတယ်ကိုလည်း ပြည်တွင်း၊ ပြည်ပခရီးသွားများ တည်းခိုနိုင်ရန် တည်ဆောက် လျက်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.