Local
နိုင်ငံတကာဈေးကွက်တွင် ရော်ဘာဈေး ကျဆင်းမှုကြောင့် ရော်ဘာတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၉ဝဝ ကျော်သာရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)
ပြည်ပသို့ ရော်ဘာတင်ပို့မှု ကဏ္ဍတွင် နိုင်ငံတကာ ဈေးကွက် အနေအထားအရ မြန်မာနိုင်ငံမှ တင်ပို့သော ရော်ဘာ တစ်တန်လျှင်အမေရိကန်ဒေါ်လာ ၉ဝဝ ကျော် သာရရှိသည်ဟု မြန်မာနိုင်ငံရော်ဘာ စိုက်ပျိုး ထုတ်လုပ် သူများ အသင်းမှ သိရသည်။
ပြည်ပသို့ ရော်ဘာ တင်ပို့မှုတွင် ကမ္ဘာ့ပေါက်ဈေးမှာ ရော်ဘာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၃ဝဝ မှ ၁၂ဝဝ အထိ ဈေးနှုန်းကျဆင်း လာသည့်အတွက် မြန်မာနိုင်ငံမှ တင်ပို့သော ရော်ဘာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၉ဝဝ ကျော် အထိ ဈေးနှုန်း ကျဆင်းလာကြောင်း ရော်ဘာခြံ လုပ်ငန်းရှင်များထံမှ သိရသည်။
လက်ရှိတွင် ပြည်တွင်း ရော်ဘာပေါက်ဈေး အနေဖြင့် ရော်ဘာ တစ်ပေါင်လျှင် ကျပ် ၆ဝဝ ဝန်းကျင်အထိ ဈေးကျ လာကြောင်း သိရသည်။
ယခုနှစ်အတွင်း ပြည်ပသို့ ရော်ဘာတင်ပို့ ရောင်းချ ခဲ့ရာတွင် အမြင့်ဆုံးဈေး အဖြစ် ရော်ဘာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၅ဝဝ အထိသာ ဈေးရရှိခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံ၌ ရော်ဘာစိုက်ပျိုး မြေဧက တစ်သန်း လေးသိန်းကျော် ရှိကြောင်း သိရသည်။ (Xinhua)