Connect with us

Local

အသေးစား နှင့် အလတ်စားလုပ်ငန်းများအတွက် ချေးငွေလျှောက်ထားမှုလွယ်ကူစေရန် ချေးငွေကော်မတီမှ စီစဉ်ဆောင်ရွက်ပေးမည်

မြန်မာ့ အသေးစားလုပ်ငန်းအားတွေ့ရစဉ် ( ဓါတ်ပုံ- အင်တာနက်)

ရန်ကုန်၊ဇန်နဝါရီ၃ရက်(ဆင်ဟွာ)

အသေးစား နှင့် အလတ်စားလုပ်ငန်းများ ဖွံံ့ဖြိုးတိုးတက်စေရန် ချေးငွေလျှောက်ထားမှုလွယ်ကူစေရန် ချေးငွေကော်မတီမှ စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါချေးငွေကော်မတီ အစည်းအဝေးအား နှစ်ပတ်လျှင်တစ်ကြိမ် ပြုလုပ်ရန် စီစဉ်ထားပြီး ၊ လိုအပ်ပါက တစ်ပါတ်လျှင်တစ်ကြိမ်ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။ စက်မှုဝန်ကြီးဌာန အနေဖြင့် ချေးငွေများအား ထုတ်ချေးပေးနိုင်ရန် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများ၏ အကူအညီများဖြင့် ရယူကာ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

စီးပွါးရေးတက္ကသိုလ်မှ အငြိမ်းစားပါမောက္ခဒေါ်လှမြင့်က “ ကျွန်မအနေနဲ့ Small and Medium Enterprise ( အသေးစား၊ အလတ်စား ) လုပ်ငန်းတွေ တိုးတက်အောင်လုပ်ဖို့ အမြဲပြောနေကြပါတယ်။မြန်မာနိုင်ငံမှာ SME လုပ်နေသူတွေ က ၃ ပုံ ၂ပုံကျော်ရှိပါတယ်။

တိုင်းပြည်တိုးတက်ဖို့အတွက် SME တွေတိုးတက်ဖို့ အရေးကြီးတယ်။ SME တွေ အတွက် ငွေချေးပေးမယ်ဆိုတော့ကောင်းပါတယ်’’ ဟုဆင်ဟွာကိုပြောသည်။

လက်ရှိတွင် ရန်ကုန်အပါအဝင် မန္တလေး နှင့် ပုသိမ်မြို့တို့မှ လုပ်ငန်းရှင်တို့အား ငွေကို အဓိကထား ထုတ်ချေးပေး သွားမည်ဖြစ်ကြောင်း ၊ ၎င်းဒေသများတွင် အသေးစား နှင့် အလတ်စား လုပ်ငန်းများ လုပ်ကိုင်သူ များစွာရှိနေသည့်အတွက် အဆိုပါဒေသများအား ဦးစားပေးရခြင်း ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.