Local
နွေစပါး စိုက်ဧက ၁၈ သိန်းခန့်စိုက်ပျိုးရန် စိုက်ပျိုးရေ ပေးဝေနိုင်မည်
ရန်ကုန် ၊ အောက်တိုဘာ ၂၄ ရက်(ဆင်ဟွာ)
ယခုနှစ်တွင် နွေစပါး စိုက်ဧက ၁၈ သိန်းခန့်စိုက်ပျိုးရန် စိုက်ပျိုးရေ ပေးဝေနိုင်မည် ဖြစ်ကြောင်း စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။
စိုက်ပျိုးရေ ပေးဝေနိုင်ရေး ရည်ရွယ် တည်ဆောက် ထိန်းသိမ်း ထားသည့် ရေလှောင်တမံများတွင် စိုက်ပျိုးရေ ဧက ပေ ၁၃ ဒသမ ၃ သန်းကျော်ခန့်အား အောက်တိုဘာ ၂၃ ရက် အထိ သိုလှောင် ထားရှိပြီး ဖြစ်ကြောင်း သိရသည်။
နွေစပါး စိုက်ပျိုးမည့် တောင်သူများ အနေဖြင့် ဆည်/ကန်များ နှင့် မြစ်ရေတင် လုပ်ငန်းများမှ ရေရယူ စိုက်ပျိုး နိုင်ရေး ၊ မျိုးကောင်းမျိုးသန့် ရရှိရေး ၊ စိုက်ပျိုးမှု နည်းပညာ အကူအညီများ ရရှိရေး ၊ လယ်ယာ ထွန်ယက်ရေး ကိစ္စ အ၀၀ တို့ကို စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန လက်အောက်ရှိ နီးစပ်ရာ ဆည်မြောင်း နှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီး ဌာန ၊ စိုက်ပျိုးရေး ဦးစီး ဌာန ၊ စက်မှု လယ်ယာ ဦးစီး ဌာန တို့နှင့် ဆက်သွယ်၍ ကြိုတင် ညှိနှိုင်း စီမံ ဆောင်ရွက်နိုင်ကြောင်း အသိပေး ကြေညာခဲ့သည်။
ဆည်ရေဖြင့် ယမန်နှစ်တွင် နွေစပါး စိုက်ဧကပေါင်း ၉ သိန်းကျော်ကို စိုက်ပျိုး နိုင်ခဲ့ကြောင်း သိရသည်။(Xinhua)