Local
ဖရဲသီးဈေးကွက် နှစ်ဆခန့် မြင့်တက်
ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)
မူဆယ် ၁ဝ၅ မိုင် နယ်စပ် ကုန်သွယ်ရေး စခန်းမှ တစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချနေသည့် ဖရဲသီး ဈေးကွက်သည် ယခုအခါ ဝယ်လိုအား များလာခြင်းကြောင့် ဈေးနှုန်း နှစ်ဆခန့် မြင့်တက်လာပြီး ဧပြီလအထိ ဈေးကောင်း ရရှိနိုင်မည်ဟု မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံ ဖရဲသခွား စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများ အစုအဖွဲ့မှ သိရသည်။
ပြီးခဲ့သည့် နှစ်က ဖရဲတစ်တန်လျှင် အမြင့်ဆုံးဈေး ယွမ် ၂ဝဝဝ ကျော်သာ ရရှိခဲ့ရာမှ ယခုနှစ်တွင် ဖရဲတစ်တန်လျှင် အနိမ့်ဆုံး ဈေး ယွမ် ၃ဝဝဝ မှ အမြင့်ဆုံးဈေး ယွမ် ၅၂ဝဝ ခန့်အထိ ရရှိ၍ ဈေးနှုန်း နှစ်ဆခန့် မြင့်လာခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ဖရဲသခွား စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများ အစုအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ထိုသို့ ဖရဲသီး ဈေးနှုန်းများမှာ ဧပြီလအထိ ဈေးကောင်း ရရှိနိုင်မည်ဟု မျှော်မှန်းထားပြီး လက်ရှိတွင် ဖရဲသီးများကို တရုတ်နိုင်ငံ ဈေးကွက်သို့သာ အဓိကထား တင်ပို့နေရသော်လည်း နောက်ပိုင်းတွင် တခြားသော ပြည်ပနိုင်ငံများထိတိုးချဲ့ တင်ပို့သွားနိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)