Local
မောင်တောမြို့တွင် ရေချိုငါးမွေးမြူရေး ကန် ၈ဝ ကျော် တူးဖော်မည်
ရန်ကုန်၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေချိုငါးမွေးမြူရေး ကန် ၈ဝ ကျော် တူးဖော်မည်ဖြစ်ကြောင်း မောင်တောခရိုင် ငါးလုပ်ငန်း ဦးစီးဌာနထံမှ သိရသည်။
မောင်တောခရိုင်တွင် တိုင်းရင်းသားကျေးရွာ ၉၅ ရွာ ရှိသည့်အနက် တောင်ပေါ်ဒေသတွင် တည်ရှိသည့် ကျေးရွာ ၁၃ ရွာမှအပ ကျန်ရှိ သည့်ကျေးရွာ ၈၂ ရွာတွင် ရေချိုငါး မွေးမြူရေးကန် တစ်ကန်စီကို ပြည်နယ်အစိုးရရန်ပုံငွေ ရရှိမှုအပေါ် မူတည်၍ တူးဖော်ပေးသွား မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ တူးဖော်ပေးထားသည့် ငါးမွေးမြူရေးကန် တစ်ကန်လျှင် အကြမ်းအားဖြင့် ငွေကျပ်သိန်း ၆ဝ ကုန်ကျမည်ဖြစ်ကြောင်း၊ မောင်တောဒေသတွင် ယခင်က ရေချိုငါးမွေးမြူမှုအလွန်နည်းပါးခဲ့ပြီး နတ်မြစ် ကမ်းဘေးတွင် ရေငန်ပုစွန် မွေးမြူမှုကိုသာ အဓိကထား လုပ်ကိုင်ခဲ့ပြီး ရေငန်ပုစွန် မွေးမြူဧက ၁၅၃ဝဝ ကျော်ရှိကြောင်း သိရသည်။
ယခု ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လအထိ ရေထွက် ပစ္စည်းတန်ချိန် ၁၄၇၃ ဒသမ ၃၇၆ တင်ပို့နိုင်ပြီး ကုန်သွယ်မှု တန်ဖိုး အမေရိကန် ဒေါ်လာ ၂၄၃၇၉၃၄ ဒသမ ၉၄ ရှိကြောင်း၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် မောင်တော ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေထွက် ပစ္စည်းတန်ချိန် ၃၉၂၂ ဒသမ ဝ၃၁ တင် ပို့နိုင်ပြီး ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၄၃ဝ၄၁၂၃ ဒသမ ၉၆ ဒေါ်လာ ရရှိခဲ့ကြောင်း ခရိုင်ငါး လုပ်ငန်း ဦးစီးဌာနရုံးမှ သိရသည်။(Xinhua)