Local
မောင်တော ဒေသ အတွင်း ရင့်မှည့် စပါးဧက နှစ်သောင်းကျော် သုံးလတာ အတွင်း အပြီး ရိတ်သိမ်း ခြွေလှေ့ သွားမည်

ရန်ကုန် ၊ နိုဝင်ဘာ ၆ ရက်(ဆင်ဟွာ)
မောင်တော ဒေသအတွင်း ရိတ်သိမ်း ခြွေလှေ့ ချိန်တန် ရင့်မှည့် စပါးဧက နှစ်သောင်းကျော်ကို သုံးလတာ ကာလ အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စက်မှုလယ်ယာဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာနတို့ ပူးပေါင်း၍ အပြီးရိတ်သိမ်း ခြွေလှေ့ သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။
ယခုအခါ မောင်တောဒေသ၌ စပါး ရိတ်သိမ်း ခြွေလှေ့ ပြီးစီးမှုမှာ အောက်တိုဘာ ၂၆ ရက် မှ နိုဝင်ဘာ ၄ ရက် အထိ ၁ဝ ရက်တာ အတွင်း ဧက သုံးထောင်ကျော် ရိတ်သိမ်းခြွေလှေ့ ပြီးစီးနေပြီ ဖြစ်ပြီး အထွက်နှုန်း အနေဖြင့် တစ်ဧကလျှင် တင်း ၅ဝ ခန့် ထွက်ရှိကြောင်း သိရသည်။
မောင်တောဒေသတွင်း အောက်တိုဘာ ၂၆ ရက်မှ စတင်၍ နိုင်ငံပိုင် ရိတ်သိမ်းခြွေလှေ့စက် ၁၄ စီး၊ ပြည်နယ် အစိုးရ အဖွဲ့ပိုင် ၁၈ စီး စုစုပေါင်း ၃၂ စီးဖြင့် ရင့်မှည့်စပါးများကို အလေအလွင့်မရှိအောင် ရိတ်သိမ်း ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။
ထိုရိတ်သိမ်း ခြွေလှေ့ပြီး စပါးများကို စက်မှုလယ်ယာဦးစီးဌာနနှင့် မြေ စာရင်းဦးစီးဌာနတို့မှ ထိန်းသိမ်းစောင့် ရှောက်ရေး ကော်မတီသို့ အပ်နှံလျက် ရှိပြီး လတ်တလောအနေဖြင့် ယင်းစပါးများ ကို အလယ်သံကျော်၊ မြင်းလွတ်နှင့် နီးစပ်ရာစခန်း နေရာများ၌ ဂိုဒေါင် များထားရှိကာ ယာယီသိုလှောင်ထား လျက်ရှိကြောင်း သိရသည်။(Xinhua)