Connect with us

Local

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် အာရှ-ပစိဖိတ် ရေညီလာခံကို နိုင်ငံတော် အဆင့် ခမ်းနားစွာ ကျင်းပ သွားမည်

အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၏ စတုတ္ထအကြိမ်ရှေ့လုပ်ငန်းစဉ် ညှိနှိုင်းအစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် တတိယအကြိမ် အာရှ-ပစိဖိတ် ရေညီလာခံကို နိုင်ငံတော်အဆင့် ခမ်းနားစွာ ကျင်းပ သွားမည် ဖြစ်ကြောင်း အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားခဲ့သည်။

အာရှ-ပစိဖိတ် ရေညီလာခံသို့နိုင်ငံပေါင်း (၄၈)နိုင်ငံမှ နိုင်ငံ့အကြီးအကဲများနှင့် ခေါင်းဆောင်များ၊ ကုလ သမဂ္ဂ နှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ခေါင်းဆောင်များအား ဖိတ်ကြားထားကြောင်း သိရသည်။ထိုညီလာခံတွင် Thematic Session (၁၀)ခုဖြင့် ဆွေးနွေးသွားမည်ဖြစ်ပြီး Session Chair, Session Organizer, Panelist/ Presentor တို့ အတွက် မြန်မာနိုင်ငံမှ ပါဝင်ဆောင်ရွက်နိုင်ရေး၊ အာရှပစိဖိတ် ရေဖိုရမ်နှင့် ညှိနှိုင်း၍ မြန်မာဘက်မှ ဆောင်ရွက် ရမည့် လုပ်ငန်းများအတွက် ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ရေးတို့ အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊အဖွဲ့အစည်းများနှင့် အကြံပေးအဖွဲ့မှ ပညာရှင်များ အားလုံးပူးပေါင်းပါဝင်၍ ပံ့ပိုးကူညီဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားခဲ့သည်။အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၏ စတုတ္ထအကြိမ်ရှေ့လုပ်ငန်းစဉ် ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၆ ရက်တွင် နေပြည်တော်၌ ပြုလုပ်ခဲ့ရာတွင် ထိုကဲ့သို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.