Connect with us

Local

မြန်မာ့ကျောက်မျက်ရတနာပြပွဲ နဝမနေ့တွင် ကျောက်စိမ်းတွဲ ၉၂၄တွဲ ရောင်းချနိုင်ခဲ့ဟုဆို

(၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ခင်းကျင်းပြသထားသော ကျောက်မျက်ရတနာများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ)

၂၀၁၉ ခုနှစ် (၅၆) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ နဝမနေ့တွင် ကျောက်စိမ်းအတွဲ ၉၂၄ တွဲကို ယူရိုငွေ ၁၃၇ ဒသမ ၁၃၄ သန်းဖြင့်ရောင်းချနိုင်ခဲ့ ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ကျောက်စိမ်းအတွဲ အမှတ် ၃၆၀၁ မှ ၄၈၀၀ အထိ အိတ်ဖွင့် တင်ဒါစနစ်ဖြင့် တင်ပြခဲ့ရာ ကျောက်စိမ်းအတွဲ ၉၀၉ တွဲကို ယူရိုငွေ ၄၆ ဒသမ ၇၃၅သန်းဖြင့် ရောင်းချနိုင်ခဲ့သဖြင့် မတ်လ ၁၉ ရက်နေ့ အထိ ကျောက်စိမ်းအတွဲစုစုပေါင်း ၄၅၂၄ တွဲကို ရောင်းချရမှုမှ ယူရိုငွေ ၄၁၀ ဒသမ ၆၇၁ သန်း ရရှိထား ကြောင်းသိရသည်။

(၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မဏိရတနာကျောက်စိမ်း ခန်းမ၌ ယနေ့(မတ် ၂၀ ရက်)တွင် ကျောက်စိမ်းအတွဲအမှတ် ၆၀၀၁ မှ ၆၉၇၃ အထိ ခင်းကျင်းပြသ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောက်မျက်ရတနာပြပွဲသို့ ပြည်ပရတနာကုန်သည် စုစုပေါင်း ၂၉၁၂ ဦးနှင့် ပြည်တွင်း ရတနာ ကုန်သည် ၁၆၄၉ ဦး စုစုပေါင်း ရတနာကုန်သည် ၄၅၆၁ ဦး တက်ရောက်ရန် မှတ်ပုံတင်ထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.