Local
မြန်မာ-ဒိန်းမတ် နှစ်နိုင်ငံ ပူးပေါင်း၍ ကမ်းရိုးတန်းငါး လုပ်ငန်း ဖွံ့ဖြိုးရေး စီမံကိန်း ဆောင်ရွက်
ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ်တွင် မြန်မာ-ဒိန်းမတ် နှစ်နိုင်ငံ ပူးပေါင်း၍ ကမ်းရိုးတန်းငါး လုပ်ငန်း ဖွံ့ဖြိုးရေး စီမံကိန်း စတင် ဆောင်ရွက်လျက်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။
ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံများကို ငါးလုပ်ငန်းများနှင့် ပတ်သက်၍ အသိပညာ ပေးဆွေးနွေးမည့် ကမ်းရိုးတန်း ငါးလုပ်ငန်း ဖွံ့ဖြိုးရေးစီမံကိန်းကို စစ်တွေမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာတချို့၌ ဆောင်ရွက်မည်ဖြစ်ပြီး ဒိန်းမတ် နိုင်ငံ ငါးလုပ်ငန်း ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီး ဌာနမှ ပညာရှင်များပူးပေါင်းကာ ဒေသခံ ရေလုပ်သားများကို သင်တန်း ပို့ချခြင်းနှင့် အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရခိုင်ပြည်နယ်၌ နိုဝင်ဘာ ၇ ရက်တွင် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပကာ ယင်းစီမံကိန်းကို စတင်ခဲ့ခြင်းဖြစ်ပြီး ၂ဝ၂ဝ ပြည့်နှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲများ မှတစ်ဆင့် ရေရှည်အကျိုးရှိစေမည့် ငါးလုပ်ငန်းဆိုင်ရာ နည်းပညာများ ဖြန့်ဝေ ပေးနိုင်လိမ့်မည်ဟုလည်း မျှော်မှန်းထားကြောင်း ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။(Xinhua)