Connect with us

Local

၂၀၁၇ သြဂုတ်လအထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၂ ဒသမ ၇၉ ဘီလျံ ဝင်ရောက်ခဲ့

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆက်အောင် ရှင်းလင်း တင်ပြစဉ်(ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း သြဂုတ်လကုန်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပေါင်း အမေရိကန် ဒေါ်လာ ၂ ဒသမ ၇၉ ဘီလျံ ဝင်ရောက်ခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“၂၀၁၇ သြဂုတ်လအထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၂ ဒသမ ၇၉ ဘီလျံ ဝင်ရောက်ခဲ့တဲ့အတွက် ခွင့်ပြုထားတဲ့ ပမာဏရဲ့၇၅ ဒသမ ၄ ရာခိုင်နှုန်း ရှိကြောင်း တင်ပြအပ်ပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောခဲ့သည်။

ထို့အပြင် ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ် ဧပြီလမှ သြဂုတ်လအထိ နိုင်ငံပေါင်း ၂၄ နိုင်ငံတို့ကို စီးပွားရေး ကဏ္ဍ ကိုးခုတို့တွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၁၂၀ ခုတို့အတွက် အမေရိကန် ဒေါ်လာ ၃ ဒသမ ၇ ဘီလျံခန့် (၃၆၉၆ ဒသမ ၄၄၂ သန်း) ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုမိန့် ထုတ်ပေးခဲ့ကြောင်း၊ ယခင် ၂၀၁၆ – ၁၇ ဘဏ္ဍာနှစ် အလားတူ ကာလ (ဧပြီလမှ သြဂုတ်လ အထိ)တွင် အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၂၅၃ ဒသမ ၇၀၇ ရင်းနှီးမြှုပ်နှံခွင့် ပြုခဲ့ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

၂၀၁၇ – ၁၈ ဘဏ္ဍာနှစ် ပထမခြောက်လပတ် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေးသို့ ရှင်းလင်းတင်ပြရာတွင် ၎င်းက ပြောခဲ့ခြင်း ဖြစ်ပြီး ၂၀၁၇ -၁၈ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းတွင်GDP တန်ဖိုးကို ယခင် ဘဏ္ဍာနှစ်ထက် တိုးတက်ရန် ရည်မှန်းထားခဲ့ရာ ယခု တင်ပြသည့် ပထမ ခြောက်လပတ်အထိ ၆ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်မှု ရရှိခဲ့ကြောင်း၊ ရည်မှန်း ချက်၏ ၃၃ ဒသမ ၈ ရာခိုင်နှုန်း အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း ၎င်းက ပြောခဲ့သည်။

ထို့အပြင် ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ် ပထမပတ်အတွင်း ပို့ကုန် အမေရိကန်ဒေါ်လာ ၆၆၂၅ သန်း တင်ပို့နိုင်ခဲ့ပြီး ရည်မှန်းချက် ဒေါ်လာ ၁၄၀၀၀ သန်း၏ ၄၇ ဒသမ ၃ ရာခိုင်နှုန်း အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း၊ သွင်းကုန် ဒေါ်လာ ၉၁၁၄ ဒသမ ၈ သန်း ဖြစ်ပြီး ရည်မှန်းချက် ဒေါ်လာ ၁၅၀၀၀ သန်း၏ ၆၀ ဒသမ ၈ ရာခိုင်နှုန်း အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း၊ ကုန်သွယ်မှု တန်ဖိုးမှာ ဒေါ်လာ ၁၅၇၃၉ ဒသမ ၈ သန်း ဖြစ်သောကြောင့် ရည်မှန်းချက် ဒေါ်လာ ၂၉၀၀၀ သန်း၏ ၅၄ ဒသမ ၃ ရာခိုင်နှုန်း အကောင် အထည် ဖော်နိုင်ခဲ့ကြောင်း၊ ပထမ ခြောက်လပတ်အတွင်း ကုန်သွယ်မှု လိုငွေမှာ အမေရိကန်ဒေါ်လာ ၂၄၈၉ ဒသမ ၈ သန်း ဖြစ်ပြီး ယခင် ဘဏ္ဍာနှစ် ပထမ ခြောက်လပတ်နှင့် နှိုင်းယှဉ်ပါက ကုန်သွယ်မှု လိုငွေ အမေရိကန်ဒေါ်လာ ၇၄၅ ဒသမ ၈ သန်း ပိုမိုခဲ့ကြောင်းလည်း ဒုတိယဝန်ကြီးက ရှင်းလင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.