Local
သီလဝါ ဆိပ်ကမ်း၌ ကုန်သေတ္တာ အတင်အချ ပြုလုပ်နိုင်သော ဆိပ်ကမ်းနှစ်ခု ၂၀၁၈ ခုနှစ်တွင် ပြီးစီးမည်ဟုဆို
ရန်ကုန်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)
သီလဝါ ဆိပ်ကမ်း၌ တည်ဆောက်နေသော ကုန်သေတ္တာ အတင်အချ ပြုလုပ်နိုင်သော ဆိပ်ကမ်းနှစ်ခုကို ၂၀၁၈ ခုနှစ်တွင် အပြီး တည်ဆောက်မည် ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ထံမှ စုံစမ်း သိရှိရသည်။
အဆိုပါ ဆိပ်ကမ်းသည် ပေ ၁,၃၀၀ ကျော် ရှည်လျားပြီး ကုန်သေတ္တာများနှင့် ကုန်ပစ္စည်းများ ထားရှိရန် ရည်ရွယ်ထားကြောင်း၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင် အနေဖြင့် ကုန်သေတ္တာများ ယခုထက် ပိုမိုတိုးမြှင့် ထားရှိနိုင်ရန် ဆိပ်ကမ်းနှစ်ခု ထပ်မံ တိုးချဲ့တည်ဆောက်ခြင်း ဖြစ်ကြောင်း အဆိုပါ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
၂၀၁၅-၁၆ ဘဏ္ဍာနှစ်၌ သီလဝါ ဆိပ်ကမ်း၌ ကုန်သေတ္တာ အတင်အချမှာ ပေ ၂၀ ကုန်သေတ္တာ စုစုပေါင်း ၈၉၀,၀၀၀ ကျော်ရှိပြီး ၂၀၀၆-၀၇ ဘဏ္ဍာနှစ်မှ စ၍ နှစ်စဉ် ၂၀ ရာခိုင်နှုန်း တိုးမြင့်မည်ဟု ခန့်မှန်းရသည်။ (Xinhua)