Connect with us

Local

အနည်းဆုံး လုပ်ခလစာ ကျပ် ၃,၆၀၀ ကို လက်မခံနိုင်ကြောင်း ဆွေးနွေးချက် အဖြေကို ရန်ကုန်တိုင်း အစိုးရအဖွဲ့ကို တင်ပြမည်ဟုဆို

အထည်ချုပ်စက်ရုံ တစ်ခုတွင် လုပ်သားများ အလုပ်လုပ်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

အနည်းဆုံး လုပ်ခလစာ ကျပ် ၃,၆၀၀ သတ်မှတ်မည် ဆိုသည့် ကိစ္စ နှင့် စပ်လျဉ်း၍ အထည်ချုပ်လုပ်ငန်းရှင် များဘက်မှ လက်မခံနိုင်ကြောင်း ယနေ့ ဆွေးနွေးခဲ့ကြပြီး ထိုလက်မခံနိုင်သည့် အဖြေကို တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသွားမည် ဖြစ်ကြောင်း အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ ဥက္ကဌ ဦးမြင့်စိုးက ဆင်ဟွာကို ပြောသည်။

ဦးမြင့်စိုးက “ အထည်ချုပ် လုပ်ငန်းရှင် ၃၀၀ ကျော်ရှိတဲ့ အထဲက ဒီနေ့ ၁၄၅ ယောက်တက်တယ်။ ဒီနေ့ အစည်းအဝေး တက်တဲ့ လူအားလုံး ကတော့ အနည်းဆုံး လုပ်ခလစာ တစ်ရက် ၃,၆၀၀ ဆိုတာကို လက်မခံနိုင်ကြောင်း ဆွေးနွေးခဲ့ကြတယ်။ ဒါက ၁၄၅ ယောက်ရဲ့ ဆန္ဒပါ။ ကုမ္ပဏီ ၃၀၀ လုံးရဲ့ဆန္ဒတော့ မဟုတ်ဘူး။ ကန့်ကွက်တဲ့ ပူးတွဲပုံစံပါ စာရွက်ကို နိုင်ငံတော်က ဖြန့်ဝေထားတယ်။အဲ့ဒီထဲမှာ ဖြည့်ပြီးကြရင်တော့ အားလုံးရဲ့ဆန္ဒကို သိရမှာပါ။ ဒီနေ့ အစည်းအဝေးရဲ့အဖြေကိုတော့ အစိုးရအဖွဲ့ကို တင်ပြသွားမှာပါ ’’ ဟု ပြောသည်။

တစ်ရက် လုပ်ခလစာ ကျပ် ၃,၆၀၀ ပေးရန် သတ်မှတ်ပါက အထည်ချုပ် လုပ်ငန်း တချို့ စက်တင်ဘာလတွင် ပိတ်သိမ်းမည်ဟု ဆွေးနွေးခဲ့ကြောင်း ၎င်းကဆိုသည်။

ယနေ့ ဆွေးနွေးပွဲတွင် လုပ်ငန်းရှင်များအနေဖြင့် အလုပ်ပါးသည့် အချိန်ဖြစ်သည့်အတွက် လစာ ငွေတိုးပေးရပါက အထည်ချုပ်လုပ်ငန်း ဦးမော့လာသည့် အချိန်အထိ အစိုးရအနေဖြင့် အနည်းဆုံး လုပ်ခငွေ ကျပ် ၃,၆၀၀ ရရှိရန် ကူညီ ထောက်ပံံ့ပေးရန် လိုအပ်ကြောင်း၊ အထည်ချုပ် လုပ်ငန်း အောင်မြင်လာသည့် အချိန်မှသာ အစိုးရ ထောက်ပံ့ငွေကို လျှော့ချပြီး လုပ်ငန်းရှင်များမှ ထိုလစာငွေကို ပေးအပ်သွားနိုင်ရန် အစိုးရထံ တင်ပြမည် ဖြစ်ကြောင်း ၊ စက်ရုံ ပိတ်သိမ်းပါက အလုပ်လက်မဲ့ သိန်းဂဏန်းအထိ တိုးပွားမည်ကို စိုးရိမ်ကြောင်း ယနေ့ အထည်ချုပ် လုပ်ငန်းရှင်များ အစည်းအဝေးတွင် ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.