Local
ရန်ကုန်တိုင်းဒေသကြီးသည် တစ်နိုင်ငံလုံး GDP ၏ ၂၃ ရာခိုင်နှုန်းရှိ
ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီးသည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ၏ စီးပွားရေးဗဟိုချက်မဖြစ်ပြီး တစ်နိုင်ငံလုံး GDP ၏ ၂၃ ရာခိုင်နှုန်း ရှိကြောင်း ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၈ တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူးချုပ်ဦးအောင်နိုင်ဦး၏ ဆွေးနွေးချက်အရသိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင်နေထိုင်သူလူူဦးရေ ၇ သန်းရှိပြီးသက္ကရာဇ် ၂၀၃၀ တွင် လူဦးရေ ၁၀ သန်းခန့် အထိတိုးတက် လာနိုင်မည်ဟုခန့်မှန်းထားကြောင်း၊ မြန်မာနိုင်ငံ ၏ အဓိက ဆိပ်ကမ်းကြီးများတည်ရှိရာ တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ စုစုပေါင်း သွင်းကုန်ထုတ်ကုန်လုပ်ငန်းများ ၏ ၈၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၈ ကျင်းပစဉ် (ဆင်ဟွာ)
ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၈ ကျင်းပစဉ် (ဆင်ဟွာ)
မြန်မာနိုင်ငံ ၏ မှတ်ပုံတင်ကုမ္ပဏီစုစုပေါင်း ၂၂၃၃ ခု ၏ ၆၄ ရာခိုင်နှုန်းသည် ရန်ကုန်တိုင်းဒေသကြီး တွင်ရှိပြီး၊ဘဏ္ဍာနှစ် ၁၉၈၈-၁၉၈၉ မှ၂၀၁၇-၂၀၁၈ အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၈၄၅ ခုရှိပြီး အမေရိကန်ဒေါ်လာ သန်းပေါင်း၂၀၂၇၅.၈၄၇ ခဲ့သည်။ ဘဏ္ဍာနှစ် ၂၀၁၄-၂၀၁၅ မှ ၂၀၁၇-၂၀၁၈ (ဧပြီလကုန်အထိ) သီလဝါအထူးစီးပွားရေးဇုန်ရှိ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ပမာဏ မှာ အမေရိကန်ဒေါ်လာ သန်း ၁၃၇၄.၃၃ အထိရရှိခဲ့ကြောင်း ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် ဆွေးနွေးချက်များအရသိရသည်။
ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (YRIC) ၏ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ အစည်းအဝေးမှ ၂၀၁၈ ခုနှစ် ဧပြီလ အထိ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄၉ ခုဖြင့် ရင်းနှီးမြှုပ်နှံမှုပမာဏစုစုပေါင်း အမေရိကန်ဒေါ်လာသန်း ၅၉.၂၉၆ ရှိခဲ့ကြောင်း သိရသည်။ (Xinhua)