Connect with us

Local

ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၈ ကျင်းပ

ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းမှ မောင်းထု၍ ရင်းနှီးမြှုပ်နှံမှုဖိုရမ်အားဖွင့်လှစ်ပေးစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ)

Yangon Investment Forum 2018 (ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၈ ) ကို ရန်ကုန်မြို့ ရှိ နိုဗိုတယ်ဟိုတယ်တွင် ယနေ့ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းမှ မောင်းထု၍ ရင်းနှီးမြှုပ်နှံမှုဖိုရမ်အားဖွင့်လှစ်ပေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြုပ်နှံမှုများ လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် အစိုးရအနေဖြင့် အဖက်ဖက်မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းအတွင်းတွင် လာရောက်ရင်းနှီးမြုပ်နှံသူများ အားလုံး၏ စီးပွားရေးလုပ်ငန်းများ အဖက်ဖက်မှ ကူညီပေးသွားရန်အတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဦးဖြိုးမင်းသိန်းမှ Yangon Investment Forum 2018 တွင် ပြောကြားခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်း မှ အဖွင့်အမှာစကားပြောကြားစဉ် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းမှ အဖွင့်အမှာစကားပြောကြားစဉ် (ဆင်ဟွာ)

ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၈ ကျင်းပစဉ် (ဆင်ဟွာ)

ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၈ ကျင်းပစဉ် (ဆင်ဟွာ)

ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၈ ကျင်းပစဉ် (ဆင်ဟွာ)

ရန်ကုန်ရင်းနှီးမြှုပ်နှံမှုဖိုရမ် ၂၀၁၈ ကျင်းပစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်း က “ကျွန်တော်တို့ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေလုပ်ဖို့ရောက်ရှိလာကြတဲ့ သူများလုပ်ငန်းလွယ်ကူလျင်မြန်စွာဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေကို ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့မာှ ပြဌာန်းခဲ့ပြီးတဲ့နောက် ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဥပဒေ နဲ့ အညီ ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အဓိကလိုအပ်ချက်ဖြစ်တဲ့ အခြေခံအဆောက် အအုံ နဲ့ ပတ်သက်ပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ရန်ကုန်မြို့ဟာ ရေကြောင်းလည်းရှိပြီး အချက်အချာကျတဲ့ နေရာတစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ ပြည်တွင်း-ပြည်ပ မခွဲခြားပဲ ညီညွတ်မျှတစွာ ဆောင်ရွက်ဖို့မျှော်လင့်ပါတယ်။’’ ဟုပြောကြားခဲ့သည်။

ဦးဖြိုးမင်းသိန်းက “ ရင်းနှီးမြုပ်နှံမှုတွေကို ဆောင်ရွက်ကြမယ့် ကုမ္ပဏီတွေ၊ အသင်းအဖွဲ့တွေ အားလုံးအတွက် ရလဒ်ကောင်းတွေ ရကြမယ်လို့ ယူဆပါတယ်။ ဒီဆွေးနွေးပွဲကနေ ရန်ကုန်မြို့မှာ ဘာတွေရင်းနှီးမြုပ်နှံသင့်ပြီး ဘယ်အခြေအနေတွေဟာ စီးပွားရေးလုပ်ငန်းအတွက် အခွင့်အလမ်းကောင်းတွေ ရှိတယ်ဆိုတာ ဒီနေ့ဆွေးနွေးပွဲကနေ စဉ်းစားစရာ၊ လေ့လာစရာတွေကို များစွာပေးနိုင်မယ့် Forum ကြီး တစ်ခုဖြစ်တယ်” ဟု ပြောကြားသည်။

ဆွေးနွေးပွဲကို အပိုင်း၂ပိုင်းခွဲပြီး ကျင်းပခဲ့ပြီး ပထမပိုင်းတွင် လာရောက်ရင်းနှီးမြှုပ်နှံမည်ဆိုပါက ကုမ္ပဏီဖွဲ့စည်းပုံ၊ အခွန်ဆိုင်ရာလိုက်နာရမည့် ကျင့်ထုံး၊ မူဘောင်များကို ဌာနဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ကြပြီး ဒုတိယပိုင်းအနေဖြင့် ရန်ကုန်မြို့တွင် မည်သည့်နေရာ၊မည်သည့်လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံခွင့်ရှိသည်ဆိုသည့် အချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ဆွေးနွေးပွဲသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်၊ စီမကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း၊ စိုက်ပျိုးရေး၊မွေးမြူရေး၊သစ်တောနှင့်စွမ်းအင် ဝန်ကြီးဦးဟံထွန်း၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဖာမျိုး၊ ဥပဒေချုပ် ဦးဟန်ထူး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်ဌေး၊ဌာနဆိုင်ရာ အကြီးအကဲများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသည့် ဧည်သည့်များ တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.