Connect with us

Local

လူတစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင်ကတ် ITC (Individual Trading Card) ကို လုပ်ငန်း ဆောင်ရွက်ခွင့် ပြုပေးလျက်ရှိ

ITC ခွင့်ပြု ပို့ကုန်ပစ္စည်း အမည်စာရင်းအား တွေ့ရစဉ် (ဓာတ်ပုံ-စီးပွားကူးသန်း)

ရန်ကုန်၊ မေ၂၃ ရက် (ဆင်ဟွာ)

သစ်သီးဝလံ စိုက်ပျိုး ထုတ်လုပ် ရောင်းချသည့် တောင်သူများ၊ ပို့ကုန်/သွင်းကုန်လုပ်ငန်း ဆောင်ရွက်လိုသည့် ကုန်သည် လုပ်ငန်းရှင်ငယ်များ အား လူတစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင်ကတ် ITC (Individual Trading Card) ကို လုပ်ငန်း ဆောင်ရွက်ခွင့် ပြုပေးလျက် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၂၀၁၆ ခုနှစ်၊ မေလ ၁၁ ရက်နေ့မှ စတင်ပြီး ITC ကတ် ကိုင်ဆောင်သူတစ်ဦး ပို့ကုန်/သွင်းကုန် လုပ်ငန်း ဆောင်ရွက်ပါက ကုန်သွယ်မှု တန်ဖိုး တစ်ရက်လျှင် ကျပ်သိန်း (၃၀) နှုန်းဖြင့် (၅) ရက်စာ တစ်ကြိမ်တည်း ကျပ်သိန်း (၁၅၀) ထိ တိုးမြှင့်ပြီး ပို့ကုန်သွင်း ကုန်လိုင်စင် ထုတ်ပေးခြင်းနှင့် အကောက်ခွန် ဦးစီးဌာနတွင် ပို့ကုန် ကြေညာလွှာ (သို့မဟုတ်) သွင်းကုန် ကြေညာလွှာ ဆောင်ရွက်ပြီး ကုန်သွယ်မှု လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ရန် ခွင့်ပြုပေးလျက် ရှိကြောင်း သိရသည်။
ကုန်သွယ်ရေး ဦးစီး ဌာနသည် မူဆယ်နယ်စပ် ဒေသတွင် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု ဆောင်ရွက်လိုသည့် တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် ကတ်ပြား ဆောင်ရွက်ခွင့်အား ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်း နေထိုင်သူများ၊ စစ်ကိုင်း တိုင်းဒေသ ကြီးတွင် နေထိုင်သူများ နှင့် မန္တလေး တိုင်းဒေသကြီး အတွင်းနေထိုင်သူများ အတွက် လုပ်ကိုင်ခွင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး တစ်ဦးချင်း ကုန်သွယ်မှု ကတ်များကို မူဆယ် (၁၀၅) မိုင်၊ ကုန်သွယ်ရေး ဇုန်နှင့်် မန္တလေး ပို့ကုန်/ သွင်းကုန်ရုံး တို့တွင် ဆောင်ရွက်ပေးလျက် ရှိပါသည်။ အထက်ဖော်ပြပါ ကုန်သွယ် လုပ်ငန်းရှင် ကတ်ပြား ပြုလုပ်ရန် လုပ်ကိုင်လိုသည့် လုပ်ငန်းရှင်တို့သည် မှတ်ပုံတင် ကတ်ပြား (မူရင်း/မိတ္တူ)၊ ပတ်စ်ပို့ အရွယ် ဓာတ်ပုံ (၃) ပုံ၊ အထက်ဖော်ပြပါ ဒေသများ အတွင်းရှိ မြို့နယ်များ၌ ရက်ကွက်/ကျေးရွာအုပ်စုတွင် နေထိုင်ကြောင်း၊ ရက်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူး ထောက်ခံချက်၊ သက်ဆိုင်ရာ ရဲစခန်းမှ ပြစ်မှု ကင်းရှင်းကြောင်း နှင့် အကျင့်စာရိတ္တ ကောင်း မွန်ကြောင်း ထောက်ခံချက် မူရင်း ပါရှိရမည် ဖြစ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးရှိ ကုန်သည်ကြီးများ အသင်း (သို့မဟုတ်) မူဆယ်-နမ့်ခမ်း နယ်စပ် ကုန်သည်ကြီးများ၏ အသင်းဝင် ဖြစ်ကြောင်း အသိအမှတ် ပြုထားသည့် ကတ်ပြား မူရင်းနှင့် အတူ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် (သို့မဟုတ်) မန္တလေးမြို့ရှိ ပို့ကုန်/သွင်းကုန်ရုံးတို့တွင် (ITC) ကတ်ပြား လာရောက် လျှောက်ထားမှုများကို ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ITC ကတ်ပြား တစ်ခုအတွက် နိုင်ငံတော်သို့ (၁) နှစ်လျှင် မှတ်ပုံတင်ကြေး (၅၀,၀၀၀) ကျပ် ပေးသွင်းရမည် ဖြစ်ပြီး သက်တမ်းကုန ်ကတ်ပြား အဟောင်းများအတွက် မှတ်ပုံတင် သက်တမ်း တိုးမြှင့်ကြေးအား (၁) နှစ် (၅၀,၀၀၀) ကျပ် ပေးသွင်းရမည် ဖြစ်သည်။ သက်တမ်း ကုန်ပြီး သက်တမ်းကျော်လွန်နေသည့် လုပ်ငန်းရှင်ကတ်ပြားများအတွက် သက်တမ်းတိုး လျှောက်ထားလာပါက ပေးသွင်းရမည့် ဒဏ်ကြေးကို ကင်းလွတ်ခွင့် ပြုထားပြီး ဖြစ်ကြောင်း သိရသည်။ ITC ကတ်ဖြင့် တင်ပို့/ တင်သွင်း ခွင့်ပြုသည့်နည်း လမ်း များ မှာ မြန်မာကျပ်ငွေကို အခြေခံ ဆောင်ရွက်သော နယ်စပ်ကုန်သွယ်မှု နည်းလမ်းဖြင့် တင်ပို့/တင်သွင်းနိုင်ပြီး ဆောင်ရွက် ခွင့်ပြုထားသည့် ကုန်ပစ္စည်း အမယ်များမှာ ပို့ကုန်ပိုင်းတွင် ကုန်ပစ္စည်း (၁၆၁) မျိုးနှင့် သွင်းကုန် ပိုင်းတွင် ကုန်ပစ္စည်း (၂၄၁) မျိုးကို ခွင့်ပြုထားပြီး ဖြစ်ကြောင်း သိရသည်။
ICT ကတ်ဖြင့် မူဆယ် (၁၀၅) ကုန်သွယ်ရေး ဇုန်၌ ကုန်သွယ်မှု ဆောင်ရွက်ရာတွင် နိုင်ငံတော်သို့ ပေးသွင်းရသည့် အခွန်အခများမှာ ပို့ကုန်ပိုင်းတွင် တင်ပို့သည့် ပစ္စည်းတန်ဖိုး၏ ၂%၊ ကြိုတင်ဝင်ငွေ ခွန်ကို ပြည်တွင်း အခွန်းများ ဦးစီးဌာနသို့ ပေးသွင်းရပြီး အလားတူ သွင်းကုန်အပိုင်း အတွက် ပေးဆောင်ရမည့် အခွန်အခများမှာ သက်မှတ်ထားသည့် သွင်းကုန် လိုင်စင်ကြေးနှုန်းထားများ အရ ကုန်သွယ်ရေး ဦးစီးဌာနသို့ လည်းကောင်း၊ သွင်းကုန် ကြေညာလွှာ အတွက် အကောက်ခွန် Duty(CD) နှင့် ကုန်သွယ်လုပ်ငန်းခွင် (CT) တို့အတွက် ကျသင့်ငွေများအား အကောက်ခွန် ဦးစီးဌာနသို့ လည်းကောင်း၊ သွင်းကုန်ဝင်ငွေခွန် ၂% ကို ပြည်တွင်း အခွန်များ ဦးစီး ဌာနသို့ လည်းကောင်း၊ သွင်းကုန်တန်ဖိုး (AV) ၏ ဝ.၁၂၅% ကို ဘဏ်ဆောင်ရွက်ခ အဖြစ် မြန်မာ့စီးပွားရေးဘဏ်သို့ လည်းကောင်း ပေးသွင်းရပြီး အခြား သိရှိလိုသည်များရှိပါက မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်၏ ကုန်သွယ်ရေး ဦးစီး ဌာ န e-mail – dobtmuse105@gmail.com နှင့် ဖုန်းနံပါတ် ၀၈၂-၅၅၅၁၀၊ ၀၈၂-၅၅၀၀၃၊ ၀၈၂-၅၅၁၀၃ သို့လည်းကောင်း၊ အကောက်ခွန် ဦးစီးဌာန e-mail – oss105miles@gmail.comthandarwintaung@gmail.com နှင့် ဖုန်း နံပါတ် ၀၈၂-၅၅၁၁၂ သို့လည်းကောင်း၊ ပြည်တွင်း အခွန်များ ဦးစီးဌာန ဖုန်းနံပါတ် ၀၈၂-၅၅၅၀၈ သို့လည်းကောင်း၊ မြန်မာ့စီးပွားရေး ဘဏ် ဖုန်းနံပါတ် ၀၈၂-၅၅၅၀၇၊ ၀၈၂-၅၅၀၁၄ သို့လည်းကောင်း၊ အသေးစိတ် မေးမြန်းနိုင် ပါကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနမှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.