Connect with us

Local

ပြည်ပသို့ ဖရဲသီး အမေရိကန် ဒေါ်လာ ၁၇ သန်းကျော် တန်ဖိုးရှိ ဖရဲသီး တန်ချိန် ၁၆၀,၀၀၀ ကျော် တင်ပို့

ပြည်ပသို့ တင်ပို့ရောင်းချလျက် ရှိသည့် မြန်မာ့ ဖရဲသီးများအား တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ မေ ၂၃ ရက် (ဆင်ဟွာ)

မြန်မာ-တရုတ်နယ်စပ်နှင့် အိန္ဒိယ နယ်စပ်ရှိ ကုန်သွယ်ရေး စခန်းများမှ ဧပြီလ တစ်လအတွင်း အမေရိကန် ဒေါ်လာ ၁၇ သန်းကျော် တန်ဖိုးရှိ ဖရဲသီးတန်ချိန် ၁၆ဝ,ဝဝဝ ကျော် တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

ယခုနှစ် ဧပြီလ၌ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ ၈ ဒသမ ၈၉၅ သန်း တန်ဖိုးရှိ ဖရဲသီး ၈၂,၈ဝ၂ တန်ခွဲနှင့် လွယ်ဂျယ် ကုန်သွယ်ရေး စခန်းမှ အမေရိကန် ဒေါ်လာ ၈ ဒသမ ၅၆၇ သန်း တန်ဖိုးရှိ ဖရဲသီး ၈ဝ,ဝ၇ဝ တန်ကျော် တင်ပို့ခဲ့သည်။ ကန်ပိုက်တီး ကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၂၄၄ သန်း တန်ဖိုးရှိ ဖရဲသီး ၂,၂၈၆ တန် တင်ပို့ခဲ့သည်။ မြန်မာ-အိန္ဒိယ နယ်စပ်ရှိ တမူး နယ်စပ် ကုန် သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ဝဝ၃ သန်း တန်ဖိုးရှိ ဖရဲသီး ၃ တန်နှင့် ရိဒ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ဝဝ၈ သန်း တန်ဖိုးရှိ ဖရဲသီး တန်ချိန်၂၈ တန်ခွဲကျော် စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၇ ဒသမ ၇၁၇ သန်းတန်ဖိုးရှိ ဖရဲသီး တန်ချိန် ၁၆ဝ,ဝဝဝ ကျော် တင်ပို့နိုင်ခဲ့ပြီး ဖြစ်သည်။ မန္တလေး တိုင်းဒေသကြီးမှ ထွက်ရှိသည့် ဖရဲသီးများကို ပြီးခဲ့သည့်နှစ် ဖရဲသီး စတင် ထွက်ရှိသည့် ဒီဇင်ဘာလမှ စ၍ တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.