Connect with us

Local

မြန်မာနိုင်ငံက၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် ပဲမျိုးစုံ တန်ချိန် ၁ ဒသမ ၈၉ သန်း တင်ပို့နိုင်ရန် မျှော်မှန်း

မြန်မာနိုင်ငံက ထွက်ရှိသော ပဲမျိုးစုံအားတွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် ဧပြီလမှစသော၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း ပဲမျိုးစုံ တန်ချိန် ၁ ဒသမ ၈၉သန်း တင်ပို့ရန် မျှော်မှန်းထားကြောင်း နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းအရ သိရသည်။အဆိုပါ တင်ပို့မည့် လျာထားချက်များ ပြည့်မီစေရန် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းစေ့ ကုန်သည်များအသင်းနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပဲမျိုးစုံထုတ်လုပ်မှု၏ ၂၀ ရာခိုင်နှုန်းကို ပြည်တွင်း၌စားသုံးပြီး ၈၀ ရာခိုင်နှုန်းကို နိုင်ငံခြားတင်ပို့လျက်ရှိကြောင်း သိရသည်။

လက်ရှိ ဘဏ္ဍာနှစ်အစမှ မေလ ၃၁ ရက်အထိ မြန်မာနိုင်ငံသည် ပဲမျိုးစုံတန်ချိန် ၄၇၀,၀၀၀ ကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၁၂ သန်း ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံသည် ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၇ သန်း တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၈ ဘီလီယံ ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.