Local
မြန်မာနိုင်ငံ နေပြည်တော်တွင် ကျောက်မျက်ရတနာပြပွဲ ကျင်းပမည်
 
																								
												
												
											နေပြည်တော်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် အကြိမ် (၆၀) မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာ (၁၇) ရက်မှ (၂၆) ရက်အထိ နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။အဆိုပါ ကျောက်မျက်ရတနာပြပွဲတွင် မြန်မာ့ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများကို ရောင်းချသွားမည်ဖြစ်ကြောင်း၊ ယင်းပြပွဲတွင် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေနှင့်အညီ ခွင့်ပြုမိန့်ရရှိသည့် နိုင်ငံသား ကျောက်မျက်ရတနာလုပ်ငန်းရှင်များ၊ လိုင်စင်ရယူပြီး ကျောက်မျက်ရတနာ ရောင်းဝယ်သော နိုင်ငံသား ကျောက်မျက်ရတနာလုပ်ငန်းရှင်များကို သတ်မှတ်ချက်နှင့်အညီ တက်ရောက်ဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားကြောင်း သိရသည်။
၂၀၂၄ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်အတွဲပေါင်း (၄၂၀၀) ကျော် ရောင်းချနိုင်ခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနထံမှ သိရသည်။(Xinhua)

 
									 
																	 
									 
																	 
									