Local
မြန်မာနိုင်ငံ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပထမ ၅ လတာကာလတွင် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုမှ အမေရိကန်ဒေါ်လာ ၁၂၉ သန်းကျော် ဝင်ရောက်ခဲ့

ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပထမ ၅ လတာကာလအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) မှ အမေရိကန်ဒေါ်လာ ၁၂၉ သန်းကျော် ရရှိခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ၏ စက်တင်ဘာ ၁၁ ရက်၌ ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။၂၀၂၅ ခုနှစ် ဧပြီလမှ သြဂုတ်လအထိ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်း လုပ်ငန်း ၃၂ ခု ရင်းနှီးမြှုပ်နှံခဲ့ကြောင်း DICA ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။ ယင်းကာလအတွင်း စက်မှုကုန်ချောကဏ္ဍတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၉၃ သန်းကျော်ဖြင့် အများဆုံးရရှိခဲ့ပြီး၊ ၎င်း၏နောက်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၂၁ သန်းနှင့် စွမ်းအင်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၉ သန်းကျော် အသီးသီးရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။အဆိုပါကာလအတွင်း တရုတ်နိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် မြန်မာနိုင်ငံ၌ အများဆုံးရင်းနှီးမြှုပ်နှံသည့်နိုင်ငံများဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)
—————————-
English Version
Myanmar attracts over 129-mln-USD FDI in first 5 months of FY 2025-26
YANGON, Sept. 11 (Xinhua) — Myanmar attracted over 129 million U.S. dollars in foreign direct investment (FDI) in the first five months of the 2025-26 fiscal year, according to figures released by the Directorate of Investment and Company Administration (DICA) on Thursday.
From April to August this year, 32 enterprises invested in the country, the DICA said.
During the period, the manufacturing sector attracted the most FDI with over 93 million dollars, followed by the oil and gas sector with 21 million dollars, and the power sector with over 9 million dollars, it said.
China, Singapore, and Thailand are the largest investors in Myanmar during the period, it added. ■