ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ) ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၁၀၆,၈၅၅ တန် တင်ပို့ခဲ့ပြီး ဇန်နဝါရီလတွင် ဆန်တင်ပို့မှု ၁၇၁,၈၁၁ တန်တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ မတ် ၈ ရက်တွင် ပြောသည်။
ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံက တစ်နှစ်တာ ရှေ့ပြေး လျှပ်စစ်ကား (EV )ပရောဂျက်ကို အကောင်အထည် ဖော်ရန်အတွက် တရုတ်နိုင်ငံထုတ် ဘက်ထရီ လျှပ်စစ်ကားများ (BEV) ပထမအသုတ်ကို ဇန်နဝါရီလတွင် တင်သွင်းခဲ့သည်။ ” တရုတ် EV ကား တွေက ကမ္ဘာတစ်ဝန်းမှာ...
ရန်ကုန်၊ မတ် ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားများ အပါအဝင် ကားအစီးရေ ၁၈၀ ကျော်ပြသရောင်းချမည့် Pannita Auto Fair ကားအရောင်းပြပွဲကို ရန်ကုန်မြို့တွင် မတ်လ ၂ ရက်မှ ၅ ရက်အထိ ကျင်းပလျက်ရှိပြီး တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားများကို စိတ်ဝင်စားမှု မြင့်တက်လျက်ရှိကြောင်း...
ရန်ကုန်၊ မတ် ၃ ရက် (ဆင်ဟွာ) ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒီဇင်ဘာလအထိ ကိုးလတာကာလအတွင်း အာဆီယံနိုင်ငံများ နှင့် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၀.၃ ဘီလီယံကျော် ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ ပို့ကုန် ပမာဏမှာ အမေရိကန်ဒေါ်လာ ၃. ၅၃၈ ဘီလီယံကျော်ရှိပြီး သွင်းကုန်တန်ဖိုးမှာ...
ရန်ကုန်၊ မတ် ၂ ရက် (ဆင်ဟွာ) မြန်မာ့ပင်လယ်ရေကြောင်းကုန်သွယ်မှုတန်ဖိုးသည် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်အထိတွင် အမေရိကန်ဒေါ်လာ ၂၂.၇ ဘီလီယံအထိ မြင့်တက်လာခဲ့ပြီး ပြီးခဲ့သည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၁၉.၁၄၅ ဘီလီယံ ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။ အဆိုပါ ကိန်းဂဏန်းများအရ ယမန်နှစ်...
ရန်ကုန်၊ မတ် ၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံမှ ပြည်ပသို့ ရော်ဘာတင်ပို့မှု၏ ၇၅ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံသို့ တင်ပို့နေရကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးခိုင်မြင့်က ဆင်ဟွာသို့ ယနေ့ မတ် ၂ ရက်တွင် ပြောသည်။ ဦးခိုင်မြင့်က “တရုတ်နိုင်ငံရဲ့ ရော်ဘာကုန်ကြမ်းအသုံးပြုမှုကတအားမြင့်ပါတယ်။ အဲဒါကြောင့်...
ရန်ကုန်၊ မတ် ၁ ရက် (ဆင်ဟွာ) ပြည်တွင်း၌ ဆန်ကွဲဈေးကြီးမြင့်ခြင်း၊ တိရစ္ဆာန်အစားအစာဈေးနှုန်းများ ကြီးမြင့်လာမှုကြောင့် ဘဲဥအထွက်နှုန်းနှင့် တွက်ခြေမကိုက်တော့သဖြင့်ဘဲမွေးမြူရေးလုပ်ငန်းတချို့ အရှုံးပေါ်၍ တချို့ လုပ်ငန်းရပ်စဲရခြင်းများရှိကြောင်း ဘဲမွေးမြူရေးလုပ်ငန်းရှင်များထံမှ သိရသည်။
ရန်ကုန်၊ မတ် ၁ ရက် (ဆင်ဟွာ) ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် တရုတ်-မြန်မာနယ်စပ် နုံ့တောင်လမ်းကြောင်း၏ ပို့ကုန်သွင်းကုန်ပမာဏ တန်ချိန် ၈၀၀၀၀ ရှိပြီး နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုပမာဏ ယွမ် သန်း ၁၅၀ ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယနေ့ မတ်၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသည် ယမန်နှစ်ဧပြီလမှ စတင်သော ၂၀၂၂-၂၃ ဘဏ္ဍာနှစ် ၁၀ လနီးပါးကာလတွင် ပဲမျိုးစုံတန်ချိန် ၁.၃၅ သန်းကျော်တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၌ COVID-19 ဖြစ်ပွားမှုနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့တွင် သုံးရက်ကြာ မြန်မာ့ခရီးသွားပြပွဲကို ဇန်နဝါရီ ၂၇ ရက်တွင် စတင်ကျင်းပခဲ့သည်။ “ကျွန်တော်တို့အနေနဲ့ ၂၀၂၀ ပြည့်နှစ်၊ ၂၀၂၁ ခုနှစ် နဲ့ ၂၀၂၂ ခုနှစ် တွေ မှာ...