ရန်ကုန်၊ မတ် ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားများ အပါအဝင် ကားအစီးရေ ၁၈၀ ကျော်ပြသရောင်းချမည့် Pannita Auto Fair ကားအရောင်းပြပွဲကို ရန်ကုန်မြို့တွင် မတ်လ ၂ ရက်မှ ၅ ရက်အထိ ကျင်းပလျက်ရှိပြီး တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားများကို စိတ်ဝင်စားမှု မြင့်တက်လျက်ရှိကြောင်း...
ရန်ကုန်၊ မတ် ၃ ရက် (ဆင်ဟွာ) ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒီဇင်ဘာလအထိ ကိုးလတာကာလအတွင်း အာဆီယံနိုင်ငံများ နှင့် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၀.၃ ဘီလီယံကျော် ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ ပို့ကုန် ပမာဏမှာ အမေရိကန်ဒေါ်လာ ၃. ၅၃၈ ဘီလီယံကျော်ရှိပြီး သွင်းကုန်တန်ဖိုးမှာ...
ရန်ကုန်၊ မတ် ၂ ရက် (ဆင်ဟွာ) မြန်မာ့ပင်လယ်ရေကြောင်းကုန်သွယ်မှုတန်ဖိုးသည် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်အထိတွင် အမေရိကန်ဒေါ်လာ ၂၂.၇ ဘီလီယံအထိ မြင့်တက်လာခဲ့ပြီး ပြီးခဲ့သည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၁၉.၁၄၅ ဘီလီယံ ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။ အဆိုပါ ကိန်းဂဏန်းများအရ ယမန်နှစ်...
ရန်ကုန်၊ မတ် ၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံမှ ပြည်ပသို့ ရော်ဘာတင်ပို့မှု၏ ၇၅ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံသို့ တင်ပို့နေရကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးခိုင်မြင့်က ဆင်ဟွာသို့ ယနေ့ မတ် ၂ ရက်တွင် ပြောသည်။ ဦးခိုင်မြင့်က “တရုတ်နိုင်ငံရဲ့ ရော်ဘာကုန်ကြမ်းအသုံးပြုမှုကတအားမြင့်ပါတယ်။ အဲဒါကြောင့်...
ရန်ကုန်၊ မတ် ၁ ရက် (ဆင်ဟွာ) ပြည်တွင်း၌ ဆန်ကွဲဈေးကြီးမြင့်ခြင်း၊ တိရစ္ဆာန်အစားအစာဈေးနှုန်းများ ကြီးမြင့်လာမှုကြောင့် ဘဲဥအထွက်နှုန်းနှင့် တွက်ခြေမကိုက်တော့သဖြင့်ဘဲမွေးမြူရေးလုပ်ငန်းတချို့ အရှုံးပေါ်၍ တချို့ လုပ်ငန်းရပ်စဲရခြင်းများရှိကြောင်း ဘဲမွေးမြူရေးလုပ်ငန်းရှင်များထံမှ သိရသည်။
ရန်ကုန်၊ မတ် ၁ ရက် (ဆင်ဟွာ) ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် တရုတ်-မြန်မာနယ်စပ် နုံ့တောင်လမ်းကြောင်း၏ ပို့ကုန်သွင်းကုန်ပမာဏ တန်ချိန် ၈၀၀၀၀ ရှိပြီး နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုပမာဏ ယွမ် သန်း ၁၅၀ ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယနေ့ မတ်၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံသည် ယမန်နှစ်ဧပြီလမှ စတင်သော ၂၀၂၂-၂၃ ဘဏ္ဍာနှစ် ၁၀ လနီးပါးကာလတွင် ပဲမျိုးစုံတန်ချိန် ၁.၃၅ သန်းကျော်တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၌ COVID-19 ဖြစ်ပွားမှုနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့တွင် သုံးရက်ကြာ မြန်မာ့ခရီးသွားပြပွဲကို ဇန်နဝါရီ ၂၇ ရက်တွင် စတင်ကျင်းပခဲ့သည်။ “ကျွန်တော်တို့အနေနဲ့ ၂၀၂၀ ပြည့်နှစ်၊ ၂၀၂၁ ခုနှစ် နဲ့ ၂၀၂၂ ခုနှစ် တွေ မှာ...
ရန်ကုန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ) ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း၏ ပတ်ဝန်းကျင်နှင့် လူမှုရေးသက်ရောက်မှု ဆန်းစစ်ခြင်းဆိုင်ရာနယ်ပယ်အတိုင်းအတာ သတ်မှတ်ခြင်းအဆင့် အများပြည်သူနှင့်တွေ့ဆုံဆွေးနွေးပွဲကို ဩဂုတ် ၂၇ ရက်မှ ၂၈ ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် စီမံကိန်းအချက်အလက်များ၊ နောက်ဆုံးတိုးတက်မှုအခြေအနေများကို အများပြည်သူအား မိတ်ဆက်ပြောကြားခဲ့သလို ပြည်သူလူထု၏တောင်းဆိုချက်နှင့်အကြံပြုချက်များကို နားထောင်ခဲ့ကြောင်း...
ရန်ကုန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ) COVID-19 နဲ့အတူယှဉ်တွဲနေထိုင်၍ ခရီးသွားလိုအား ပြန်လည်တိုးတက်လာစေရန် ရည်ရွယ်၍ သတ္တမအကြိမ်မြောက် ခရီးသွားလုပ်ငန်းဆိုင်ရာပြပွဲကို၂၀၂၂ခုနှစ် စက်တင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်တွင် ရန်ကုန်မြို့ရှိ LOTTE ဟိုတယ် ၌ ကျင်းပရန်စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်နောင်ဟန်က...