ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) ရေးသားသူ/ အေးလပြည့် အမေရိကန်ဒေါ်လာစျေးသည် ၂၀၂၀ ပြည့်နှစ်တွင် ဆက်တိုက်ကျဆင်းခဲ့ရာ နိုဝင်ဘာလ ၃၀ရက်တွင် တစ်ဒေါ်လာလျှင်ကျပ် ၁၃၀၀ ဝန်းကျင်ရှိခဲ့ရာမှာ ယနေ့ ဒီဇင်ဘာ ၁၁ ရက်တွင် တစ်ဒေါ်လာလျှင် ၁၃၅၇ ကျပ် အထိ ကျပ် ၅၀...
ရန်ကုန်၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် မြန်မာ-အိန္ဒိယ တမူးနယ်စပ်ကုန်သွယ်ရေးဂိတ် ပိတ်ထားခြင်းအား ဒီဇင်ဘာ၃၁ရက်ထိ ရက်ထပ်တိုးပိတ်ခြင်းနှင့် ပတ်သက်၍ ကုန်သည်ကြီးများအသင်းမှ ကုန်အဝင်အထွက်အားဖွင့်လှစ်ပေးရန် တောင်းဆိုတင်ပြထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးဦးမျိုးသူက ဆင်ဟွာသို့ ဒီဇင်ဘာ ၁၁ ရက်တွင်ပြောသည်။
ရန်ကုန်၊ဒီဇင်ဘာ ၁၀ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ၂၀၂၀ ပြည့်နှစ်၊ မြန်မာ့အပြည်ပြည်ဆိုင်ရာယာဉ်အပိုပစ္စည်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ကားပိုင်းဆိုင်ရာပြပွဲ နှင့် အီလက်ထရောနစ်နည်းပညာနှင့် လျှပ်စစ်စွမ်းအင်ပိုင်းဆိုင်ရာပြပွဲ ကို ပထမဦးဆုံးအကြိမ်အဖြစ် အွန်လိုင်းဒီဂျစ်တယ်ပြပွဲအနေဖြင့် ဒီဇင်ဘာ ၁၄ ရက်မှ ၁၈ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါက ဆင်ဟွာသို့...
ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် မြန်မာ-တရုတ်နယ်စပ်မျဉ်းအနီး ဖီမော်နှင့်ဆော့လော်ကျေးရွာကြားရှိ အီမောဘွန်ရေခဲတောင်သို့ ပြည်တွင်းခရီးသွားများ သွားရောက်လည်ပတ်နိုင်မည့် ခရီးစဉ်ဒေသသစ်တစ်ခု ကို COVID-19 အလွန်ကာလတွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးဦးခိုင်ဝင်းက ဆင်ဟွာသို့ ဒီဇင်ဘာ ၁၀ ရက်တွင်ပြောကြားသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် မန္တလေးတိုင်ဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင်းရှိ မြောက်ကျောက်အိုးနှင့် ဂဲမိုးအိုင် နေရာနှစ်ခုအား သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖော်ဆောင်မြှင့်တင်နိုင်ရေး စီစဉ်လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းအောင်က ပြောကြားသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၂၀ ရက်အထိ ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှာ နိုင်ငံပိုင်ကဏ္ဍ နှင့် ပုဂ္ဂလိကကဏ္ဍ ၂ ခုပေါင်း အမေရိကန်ဒေါ်လာသန်းပေါင်း ၁၆၃၉ ဒဿမ ၁၆၆သန်းကျော်ရှိကြောင်း စီးပွားရေးနှင့်...
ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် COVID-19 ရောဂါကြောင့် ဈေးကွက်ရပ်ဆိုင်းထားရသော မြန်မာ့ခရီးသွားလုပ်ငန်းကဏ္ဍနှင့် ဆက်နွယ်သည့် လုပ်ငန်းကဏ္ဍများကို ကုစားနိုင်ရန် အများပိုင်ကုမ္ပဏီတစ်ခုကို ခရီးသွားလုပ်ငန်းရှင်များ စုပေါင်းတည်ထောင်သွားရန်ရှိကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ဆင်ဟွာသို့ ဒီဇင်ဘာ ၄ ရက်တွင်ပြောသည်။“ကျွန်တော်တို့က ခရီးသွားလုပ်ငန်းရှင်တွေနဲ့ အများပိုင်ကုမ္ပဏီကို တည်ထောင်လိုက်တဲ့အခါမှာ...
ရန်ကုန်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ရွှေဈေးဆက်တိုက်ကျဆင်းနေရာမှ ကမ္ဘာ့ရွှေဈေးပြန်လည်မြင့်တက်လာခြင်းနှင့်အတူ ကျပ် ၁,၂၇၅,၀၀၀ မှ ကျပ် ၁,၃၀၄,၀၀၀ အထိ ၂ ရက်အတွင်း မြန်မာ့ရွှေစျေး ကျပ် ၂၉,၀၀၀ ခန့် ပြန်မြင့်တက်လာကြောင်းနှင့် ဈေးကွက်အတွင်း ရွှေအဝယ်လိုက်နေသောကြောင့် ရန်ကုန်မြို့တွင် အခေါက်ရွှေပစ္စည်းပြတ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း...
ရန်ကုန် ၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် ၂၀၂၀ – ၂၀၂၁ ဘဏ္ဍာနှစ် တစ်လကျော်ကာလအတွင်း စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၂၀၉ ဒသမ ၆၁၆ သန်း ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ထုတ်ပြန်မှုအရ...
ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် COVID-19 ဒုတိယလှိုင်းစတင်ဖြစ်ပွားသည့်အချိန်မှစ၍ ယနေ့အထိ ရန်ကုန်တိုင်းဒေသကြီးရွှေဈေးကွက်အတွင်းသို့ ရွှေကုန်ကြမ်းအသစ်အဝင်မရှိဘဲ နေ့စဉ် ပြန်လာရောင်းသည့်ရွှေများနှင့်သာ ဈေးကွက်အတွင်းတွင် လည်ပတ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်ကဆင်ဟွာသို့ နိုဝင်ဘာ ၂၇ ရက်တွင်ပြောသည်။