ရန်ကုန် ၊ မတ် ၁၈ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းများအတွက် အရေးကြီး လိုအပ်လျက်ရှိသော ကုန်ကြမ်းပစ္စည်းများကို တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့မှ ကုန်တင်လေယာဉ်ဖြင့် တင်သွင်းလာပြီး မတ် ၁၇ ရက် ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက် ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
ရန်ကုန် ၊ မတ် ၁၃ ရက်(ဆင်ဟွာ) ရန်ကုန်စတော့အိပ်ချိန်း(YSX)၏ စာရင်းဝင်အစုရှယ်ယာများကို မတ် ၂၀ ရက်မှ စ၍ နိုင်ငံခြားသားများ စတင် အရောင်းအဝယ် ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း YSX မှ ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ မတ် ၁၃ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်များ၏ အပ်ငွေများအပေါ်ပေးသည့်အတိုးနှုန်း နှင့် ချေးငွေများအပေါ်တောင်းခံနိုင်သည့် အတိုးနှုန်း အား သုညဒသမ ၅ ရာခိုင်နှုန်းလျှော့ချလိုက်ကြောင်း မတ် ၁၂ ရက် နေ့စွဲဖြင့် ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ မတ် ၁၀ ရက် (ဆင်ဟွာ) အမေရိကန်ဒေါ်လာဈေးသည် နေ့စဉ် ဆက်တိုက်ကျဆင်းလျက်ရှိပြီး မတ် ၄ ရက်တွင် တစ်ဒေါ်လာ ၁၄၀၅ ကျပ် ရှိခဲ့ရာမှ မတ် ၁၀ ရက်တွင် ၁၃၂၅ ကျပ်အထိ ၆ ရက် အတွင်း ၈၀ကျပ် အထိ ဆက်တိုက်ကျဆင်းခဲ့ကြောင်း...
ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ) ရန်ကုန်စတော့အိတ်ချိန်း၌ ခြောက်ခု မြောက် စာရင်းဝင်ကုမ္ပဏီတစ်ခု ဖြစ်လာသည့် Ever Flow River Group Public Co., Ltd (EFR)သည် မတ် ၂၀ ရက်မှစတင်ကာ အစု ရှယ်ယာများကို ဈေးကွက်အတွင်း အရောင်းအဝယ် ပြုလုပ်မည်ဖြစ်...
ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ) ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၈၅၀ ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အသစ်(၆)ခု အား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က (၄/၂၀၂၀)ကြိမ်မြောက် အစည်းအဝေး တွင် ခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာနက မတ်လ ၆ ရက်တွင် သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မတ် ၄ ရက် (ဆင်ဟွာ) အမေရိကန်ဒေါ်လာဈေးသည် ယခုရက်သတ္တပတ်အတွင်း တစ်ဒေါ်လာ ကျပ် ၁၄၅၀ ကျပ် မှ ၁၄၀၅ ကျပ်အထိ ဆက်တိုက်ကျဆင်းခဲ့ပြီး ၂နှစ်တာ ကာလအတွင်း ယခုပေါက်ဈေးသည် အနိမ့်ဆုံးဈေးဖြစ်ကြောင်း ဒေါ်လာဝယ်ရောင်းတစ်ဦးဖြစ်သူ ဦးစန်းဝင်းက ဆင်ဟွာ ကိုပြောသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဇန်နဝါရီလအထိ ပြည်တွင်း ပြည်ပ အာမခံကုမ္ပဏီ ၁၁ ခု၏မတည်ရင်းနှီးငွေ ကျပ် ၆၇ ဘီလီယံနှင့် အမေရိကန်ဒေါ်လာ ၁၂၇ သန်းကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၂၇ ရက်...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ) နိုင်ငံခြားကုမ္ပဏီများအား ကောက်ခံလျက်ရှိသော အသင်းဝင်ကြေးနှုန်းထားကို ဖေဖော်ဝါရီ ၂၄ ရက်မှ စတင်၍ ပြောင်းလဲကောက်ခံလျက်ရှိကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် မှ တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၂၅ ရက်တွင် ဆင်ဟွာကိုပြောသည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ) ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ တတိယအကြိမ် မြန်မာကျပ်ငွေဖြင့် ကျောက်စိမ်းအရောင်းပြပွဲအား ဖေဖော်ဝါရီ ၂၄ ရက်တွင် စတင် ကျင်းပခဲ့ပြီး ပြပွဲတွင် ကျောက်စိမ်းအတွဲရေ ၆၅၆ တွဲ ပါဝင်ပြသထားကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနထံမှ သိရသည်။