Connect with us

Local

SME ကဏ္ဍများ၏ အဓိက လိုအပ်ချက် ၊ အခက်အခဲ နှင့် စိန်ခေါ်မှုများအား ဆွေးနွေး

SME ဖွံ့ဖြိုးတိုးတက်ရေး အတွက် သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များ ကဏ္ဍအလိုက် ဆွေးနွေးမှုများ ပြုလုပ်နေစဉ်(ဓာတ်ပုံ-UMFCCI)

ရန်ကုန် ၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ)

အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း(SME)များ၏ မဏ္ဍိုင် ၃ ခုဖြစ်သော ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ကုန်သွယ်မှု ကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများတွင် လက်ရှိအခက်အခဲများ၊ အခြေအနေများ၊ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ နှင့် လိုအပ်ချက်များကို သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များ နှင့် Round Table Discussion ကို ကုန်သည်စက်မှုအသင်းချုပ်၌ ဇူလိုင် ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ဆွေးနွေးခဲ့ကြကြောင်း UMFCCI မှ သိရသည်။

ထို့အတူ SME လုပ်ငန်းများအတွက် ငွေကြေးအရင်းအနှီးရရှိရေး၊ စွန့်ဦးတီထွင် SME လုပ်ငန်းကဏ္ဍများ လွယ်ကူလျှင်မြန်စွာ ဖြစ်ထွန်းလာရေးတို့ကို သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များနှင့် လည်းကောင်း၊ ကျေးလက်ဒေသဖွံဖြိုးရေး အထောက် အကူပြု SME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကို တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ စီးပွားရေး လုပ်ငန်းရှင်များနှင့်လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုဆွေးနွေးပွဲရရှိလာသော ဆွေးနွေးချက်ရလဒ်များ ၊ အကြံပြုချက်နှင့် ထောက်ခံတင်ပြချက်များကို ဇူလိုင် ၂၈ ရက်တွင် ကျင်းပမည့် SME ပညာရှင်များနှင့် Strategy Formulation Wrap Up Section တွင် တင်ပြ ဆွေးနွေး ညှိနှိုင်း သွားမည် ဖြစ်ကြောင်း သိရသည်။

အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးကြီးသော မဟာဗျူဟာများ ချမှတ်နိုင်ရန် ဇူလိုင် ၂၇ ရက်တွင် ကျင်းပမည့် SMEs Development Strategy “Issues & Solutions” Forum တွင် နိုင်ငံတော် အစိုးရနှင့် ပြည်သူများအား အသိပေး တင်ပြမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.