Business
ကမ္ဘာ့ရွှေဈေး ကန်ဒေါ်လာ ၅,၅၀၀ ကျော်ဖြင့် ထပ်မံ သမိုင်းစံချိန်သစ်တင်
နယူးယောက်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)
အခြေခံအကြောင်းတရားများ၏ တွန်းကန်အားကြောင့် ကမ္ဘာ့လက်ရှိရွှေဈေး၊ နယူးယောက် ကုန်စည်လဲလှယ်မှု (NYMEX) ၏ ဧပြီလ Gold Futures ဈေးနှုန်းနှစ်ခုလုံးသည် ဇန်နဝါရီ ၂၈ ရက်တွင် တစ်အောင်စလျှင် ကန်ဒေါ်လာ ၅,၅၀၀ ကျော်ဖြင့် သမိုင်းစံချိန်သစ်တင်ခဲ့သည်။ ရွှေဈေးသည် လွန်ခဲ့သည့် ၇၂ နာရီအတွင်း တစ်အောင်စလျှင် ကန်ဒေါ်လာ ၅၀၀ ကျော် မြင့်တက်လာသလို ရွှေဈေးကွက်၏ ဈေးကွက်တန်ဖိုးသည် ကန်ဒေါ်လာ ၃.၅ ထရီလီယံကျော်အထိ တစ်ဟုန်ထိုး တိုးတက်လာခဲ့သည်။ ယေဘုယျအားဖြင့် ကြည့်လျှင် ကမ္ဘာ့ရွှေဈေးသည် ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းတွင်ပင် ၂၀ ရာခိုင်နှုန်းခန့် တိုးမြင့်လာခဲ့သည်။
အမေရိကန်ဗဟိုဘဏ်၏ လွတ်လပ်မှုနှင့် ငွေကြေးမူဝါဒအလားအလာများအပေါ် ဈေးကွက်က စိုးရိမ်စိတ်များ နေ့စဉ်နှင့်အမျှ ပြင်းထန်လာခြင်း၊ ပထဝီနိုင်ငံရေးအန္တရာယ် အဆက်မပြတ် အရှိန်မြင့်တက်လာခြင်း၊ ကုန်သွယ်ရေးနှင့် စည်းကြပ်ခွန်အပေါ် စိုးရိမ်စိတ်များ ထပ်မံမြင့်မားလာခြင်း၊ ငွေကြေးဖောင်းပွမှုဖိအားများ ပြန်လည်ဦးမော့လာခြင်း၊ ကန်ဒေါ်လာအညွှန်းကိန်းများ ဆက်တိုက် ကျဆင်းလာခြင်းဟူသည့် များစွာသော အကြောင်းရင်းများက တစ်သီးပုဂ္ဂလရင်းနှီးမြှုပ်နှံသူများအား ရွှေပိုကိုင်ထားစေသည့်အရှိန်ကို တွန်းအားပေးလျက်ရှိသည်။ ထို့အပြင် Standard Chartered ဘဏ်က လက်ရှိတွင် အဖိုးတန်သတ္တုပစ္စည်း ဈေးကွက်ဝယ်လိုအားသည် ထင်ကြေးဖြင့်အမြတ်ရလိုသည့် ရေပန်းစားမှု တွန်းကန်အားကြောင့်သာမက နိုင်ငံအသီးသီး ဗဟိုဘဏ်များ၏ ဝယ်လိုအားသည်လည်း ရွှေဈေးတက်စေရန်အတွက် စဉ်ဆက်မပြတ်ပံ့ပိုးပေးသည့် ကျားကန်အားဖြစ်နေသည်ဟု ယူဆသည်။
ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် ကန်ဒေါ်လာ ၄,၀၀၀ မှ ၅,၅၀၀ အထိ တက်လာခြင်းမှာ သုံးလပင်မပြည့်သော အချိန်ကာလ၌ ဖြစ်သည်။ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် NYMEX ၏ Gold Futures ဈေးနှုန်းသည် ကန်ဒေါ်လာ ၄,၀၀၀ ကျော်ခဲ့ပြီး ဒီဇင်ဘာ ၂၂ ရက်တွင် ကန်ဒေါ်လာ ၄,၅၀၀ ကျော်ခဲ့သည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် ကမ္ဘာ့ရွှေဈေးသည် ကန်ဒေါ်လာ ၅,၀၀၀ ကျော်ခဲ့ပြီး ဇန်နဝါရီ ၂၈ ရက်တွင် ကန်ဒေါ်လာ ၅,၅၀၀ ကျော်လာခဲ့သည်။
သုံးသပ်သူများက နည်းပညာအရ ဝယ်ယူမှုသည် လက်ရှိကမ္ဘာ့ရွှေဈေးတက်ရသည့် တွန်းအားမဟုတ်ဘဲ ဖွဲ့စည်းပုံအသွင်ပြောင်းမှုတွန်းအားဖြင့် ဝယ်ယူခြင်းက ရွှေဈေးစဉ်ဆက်မပြတ် မြင့်တက်စေရန် တွန်းအား ဖြစ်သည်ဟု ယူဆကြသည်။
ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအကျိုးဆောင်သူ XS.com ၏ အစီရင်ခံစာတစ်စောင်တွင် ရွှေဈေးမြင့်တက်မှုသည် ဈေးကွက်စိုးရိမ်ပူပန်ခြင်းဟူသော အကြောင်းရင်း သက်သက်ကြောင့်မဟုတ်ကြောင်း၊ ကမ္ဘာ့ငွေကြေးနှင့် ဘဏ္ဍာရေးစည်းစနစ်အပေါ် လူအများ၏ သဘောထားက ပို၍ အကဲဆတ်သတိထားနေခြင်းကြောင့်လည်း ဖြစ်ကြောင်း ထောက်ပြထားသည်။
“ရွှေဈေး အနာဂတ်အလားအလာက အတိုးနှုန်း သို့မဟုတ် ကန်ဒေါ်လာ စသည့် တစ်ဖက်သတ် အပြောင်းအလဲပေါ်မှာ မူတည်မှာမဟုတ်ဘဲ ကမ္ဘာ့ ငွေကြေးနှင့် ဘဏ္ဍာရေးမူဘောင်ရဲ့ အခြေအနေတစ်ရပ်လုံး တည်ငြိမ်မှုပေါ်တွင် မူတည်တယ်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
Fiat Currency အပေါ် ဈေးကွက်၏ ယုံကြည်ချက် လျော့နည်းလာလျက်ရှိရာ အကယ်၍ ကန်ဒေါ်လာသည် ကမ္ဘာ့အရန်ငွေကြေးအနေအထားတွင် ဆက်လက်တည်ရှိနေမည်ဆိုလျှင် ကမ္ဘာ့ငွေကြေးစနစ်သည် ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း အစီရင်ခံစာက ယူဆသည်။
“Sell America (အမေရိကန်နှင့်ဆက်စပ်သော ပိုင်ဆိုင်မှုများကို ရောင်းထုတ်ခြင်း)” ကုန်သွယ်မှုအသစ်တစ်ကြိမ် အရှိန်မြင့်တက်လာခြင်း၊ အမေရိကန်အစိုးရယန္တရား ထပ်မံ ရပ်ဆိုင်းနိုင်ခြင်း စသည့် အကြောင်းရင်းများသည်လည်း ရွှေဈေးအလားအလာကို ကောင်းမွန်စေသည်ဟု သုံးသပ်သူများက ယူဆကြသည်။ အဖွဲ့အစည်းအများအပြားက ရွှေဈေးနောက်ပိုင်းဈေးကွက်အလားအလာကို အကောင်းမြင်ကြရာ အတက်ဘက်သို့သွားနေသည့် အခင်းအကျင်းမှာ ပြောင်းလဲမည်မဟုတ်ဟု ယူဆကြသည်။ Goldman Sachs က ကမ္ဘာ့ရွှေဈေးသည် ယခုနှစ် နှစ်ကုန်အထိ ကန်ဒေါ်လာ ၅,၄၀၀ တွင် တည်ငြိမ်နေမည်ဟု ခန့်မှန်းထားသည်။ Deutsche ဘဏ်ကမူ ယခုနှစ် ကန်ဒေါ်လာ အားနည်းလာခြင်းနှင့်အတူ ကမ္ဘာ့ရွှေဈေးသည် ကန်ဒေါ်လာ ၆,၀၀၀ အထိ ရောက်ရှိနိုင်သည်ဟု ဆိုသည်။
သို့သော် တစ်ချိန်တည်းတွင်ပင် ဈေးကွက်ပါဝင်သူများက ရွှေဈေးသည် ကာလတိုအတွင်း အရှိန်မြင့် တိုးတက်ခြင်းက နည်းပညာပိုင်းဆိုင်ရာအရ ပြန်လည်လျော့နည်းလာခြင်း ဖြစ်နိုင်ကြောင်း သတိပေးထားသည်။ (Xinhua)

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့ ရှောင်းဆန်းခရိုင် ကွားလိမြို့နယ်ရှိ Hangzhou Hangmin Baitai Jewel Limited Company ပြခန်းတွင် ဝန်ထမ်းတစ်ဦးက ရွှေထည်ပစ္စည်းများအား စီရီနေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့ ရှောင်းဆန်းခရိုင် ကွားလိမြို့နယ်ရှိ Hangzhou Hangmin Baitai Jewel Limited Company ပြခန်းတွင် ဈေးဝယ်သူတစ်ဦးက ရွှေဝယ်နေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————
(Chinese Version)
综述|国际金价突破5500美元 再创历史新高
新华社纽约1月28日电 综述|国际金价突破5500美元 再创历史新高 新华社记者徐静
受基本面因素支撑,国际现货黄金价格、纽约商品交易所4月黄金期货价格28日均突破每盎司5500美元历史新高。黄金价格在过去72小时内每盎司上涨超过500美元,黄金市场市值暴增超过3.5万亿美元。整体来看,国际金价2026年开年涨幅约达20%。
由于市场对美联储独立性和货币政策空间的担忧日益加剧,以及地缘政治风险不断上升、贸易和关税担忧再度升温、通胀压力回升、美元指数持续下行,诸多因素正在推动个人投资者加速增持黄金。此外,渣打银行认为,目前市场对贵金属的投资需求不仅受投机热潮驱动,各国央行需求也持续为金价上涨提供强劲支撑。
国际金价从每盎司4000美元涨到5500美元,仅经过不到三个月的时间。2025年10月7日,纽约商品交易所黄金期货价格突破4000美元关口,12月22日突破4500美元。2026年1月25日,国际金价突破5000美元,1月28日站上5500美元。分析人士认为,技术性买盘并非当前国际金价上涨的驱动力,结构性变化驱动的买盘推动金价持续上涨。
全球性金融经纪商XS.com在一份报告中指出,黄金价格上涨并非仅仅源于市场焦虑,也因为人们对全球货币财政秩序的态度变得更为谨慎。“黄金未来的走势不会取决于利率或美元等单一变量,而是取决于全球货币和财政框架的整体稳定性。”
报告认为,市场对法定货币的整体信心正在减弱。如果美元继续保持世界储备货币的地位,全球货币体系将面临威胁。
分析人士认为,新一轮“卖出美国”交易升温,美国政府或再次“停摆”等因素也利好金价走势。多数机构对黄金后市持乐观态度,认为牛市格局未变。高盛维持对国际金价今年底稳定在5400美元的预期。德意志银行表示,随着今年美元走弱,国际金价预计将达6000美元。
不过,市场人士同时警告,金价短期涨幅过大,可能引发技术性回调。(完)
1,2. 1月28日,员工在位于浙江省杭州市萧山区瓜沥镇的杭州航民百泰首饰有限公司展厅整理黄金首饰。新华社发(倪立芳摄)
3. 1月28日,顾客在位于浙江省杭州市萧山区瓜沥镇的杭州航民百泰首饰有限公司展厅挑选黄金首饰。新华社发(倪立芳摄)
