Connect with us

Business

ကမ္ဘာ့ အဖိုးတန်သတ္တုဈေးကွက် ကြီးမားသည့် ကမောက်ကမ ဖြစ်ပွားမှုကြောင့် ရေတိုကာလအတွင်း ချိန်ညှိရန်အန္တရာယ် များပြားလာ

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဟူကျိုးမြို့ တယ်ချင်းခရိုင် ယွီယွဲ့မြို့နယ်ရှိ ရွှေဆိုင်တစ်ဆိုင်တွင် ဆိုင်ဝန်ထမ်းက ရွှေထည်ပစ္စည်းများအား စီရီနေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

ကမ္ဘာ့ရွှေနှင့် ငွေဈေးနှုန်းများသည် ဇန်နဝါရီ ၂၉ ရက်တွင် “ရိုလာကိုစကာ” ကဲ့သို့ အပြောင်းအလဲများသည့် အနေအထားဖြစ်ခဲ့ရာ ရွှေနှင့် ငွေ နှစ်မျိုးလုံး၏ဈေးနှုန်းသည် မြင့်မားရာမှ အရှိန်နှင့် ထိုးကျခဲ့ခြင်းကြောင့် ဈေးကွက်တွင် လှိုင်းထန်ခဲ့သည်။ သုံးသပ်သူများက ကမ္ဘာ့အဖိုးတန်သတ္တုဈေးနှုန်းများ၏ ယခုကာလအခြေအနေသည် ဈေးကွက်အတွင်းသို့ ဈေးကစားရင်းနှီးမြှုပ်နှံသူများ ပြုံဆင်းလာရန် ဆွဲဆောင်ခဲ့ရာ ဈေးကွက်လှိုင်းခတ်မှုကို ပို၍ ဆိုးရွားစေခဲ့သည်။

နယူးယောက် ကုန်စည်လဲလှယ်မှု (NYMEX) ၏ ဧပြီလ Gold Futures ဈေးနှုန်းသည် ဇန်နဝါရီ ၂၉ ရက် အစောပိုင်းရောင်းဝယ်မှုတွင် အချိန်အတိုင်းအတာတစ်ခုအတွင်း တစ်အောင်စလျှင် ကန်ဒေါ်လာ ၅,၆၂၆.၈ အထိ ရှိခဲ့ပြီး မတ်လ Silver Futures ဈေးနှုန်းသည်လည်း အချိန်အတိုင်းအတာတစ်ခုအတွင်း တစ်အောင်စလျှင် ကန်ဒေါ်လာ ၁၂၁.၇၈၅ အထိ ရှိခဲ့သည်။ ထို့နောက်ဈေးကွက်တွင် တစ်မုဟုတ်ချင်း ထုတ်ရောင်းမှုများကြောင့် ရွှေဈေးသည် အချိန်တို ၂၈ မိနစ်အတွင်းတွင်ပင် ကန်ဒေါ်လာ ၃၈၀ ထိုးကျခဲ့ရာ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ငွေဈေး (Silver Prices) သည်လည်း ယင်းအချိန်အတွင်းတွင်ပင် ၁၁ ရာခိုင်နှုန်း ထိုးကျခဲ့သည်။

၂၀၂၅ ခုနှစ် ရွှေဈေးတက်သည့်အလားအလာကြောင့် နိုင်ငံအသီးသီးရှိ ဗဟိုဘဏ်များ၊ ရင်းနှီးမြှုပ်နှံသူနှင့် စားသုံးသူများ၏ နှလုံးသားထဲတွင် ရွှေ၏နေရာအနေအထားကို ပို၍ ခိုင်မာစေခဲ့ကြောင်း၊ ယင်းသို့ ဖွဲ့စည်းပုံအသွင် ချိန်ညှိသည့်သက်ရောက်မှုက ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းအထိ ဆက်လက်တည်ရှိမည်ဖြစ်ကြောင်း မကြာမီရက်ပိုင်းတွင် ကမ္ဘာ့ရွှေကောင်စီက ထုတ်ပြန်သည့် ၂၀၂၅ ခုနှစ် စတုတ္ထသုံးလပတ်နှင့် တစ်နှစ်တာ ရွှေဝယ်လိုအား အလားအလာ အစီရင်ခံစာ၌ ထောက်ပြထားသည်။

Phoenix Futures and Options ကုမ္ပဏီ ဥက္ကဋ္ဌ Kevin Grady က ယခုကာလများအတွင်း အဖိုးတန်သတ္တုဈေးကွက်၌ ဈေးအဆမတန် တစ်ဟုန်ထိုး မြင့်တက်ခြင်းသည် အယ်လ်ဂိုရစ်သမ်သုံး ရောင်းဝယ်မှုပြုလုပ်သည့် ဘော့တ် အများအပြား ပါဝင်လုပ်ဆောင်ရန် ဆွဲဆောင်မှုဖြစ်ခဲ့သလို တစ်ချိန်တည်းတွင်ပင် သာမန်အရောင်းအဝယ်ပြုလုပ်သူများက ထွက်ခွာရန် ရွေးချယ်ခဲ့ကြောင်း၊ ယင်းမှာ အဖိုးတန်သတ္တုဈေးကွက် ပြင်းပြင်းထန်ထန် လှိုင်းထန်ခဲ့မှုကို ဖြစ်စေသည့် အဓိကအကြောင်းရင်းများအနက် တစ်ခုဖြစ်ကြောင်း ယူဆသည်။

ဈေးကွက်သုံးသပ်သူအချို့က ဈေးနှုန်းကိုသာ အာရုံစိုက်နေခြင်းသည် ဈေးကွက်တွင် လက်ရှိဖြစ်ပွားနေသည့် အရေးကြီး အလှည့်အပြောင်းများကို လျစ်လျူရှုမှုဖြစ်စေကြောင်း၊ အချို့အဖွဲ့အစည်း ရင်းနှီးမြှုပ်နှံသူများအတွက်ဆိုလျှင် ၎င်းတို့အနေဖြင့် ရင်းနှီးမြှုပ်နှံမှုစုဖွဲ့ပုံတွင် ရွှေ၏အချိုးအစားနှင့် အခန်းကဏ္ဍကို ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း၊ ထိုသို့ နေရာအနေအထား ပြန်လည်သတ်မှတ်ခြင်းကလည်း ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြမှုရှိကြောင်း ယူဆသည်။

၂၀၂၅ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ လက်တွေ့ရွှေလက်ငင်းဝယ်လိုအားသည် ပထမဆုံးအကြိမ်အဖြစ် တန်ချိန် ၅,၀၀၀ ကျော်ဖြင့် သမိုင်းစံချိန်သစ်တင်ပြီး ရွှေဈေးနှုန်းများသည် အရောင်းအဝယ်ပြုလုပ်သည့်ရက်ပေါင်း ၅၃ ရက်တွင် သမိုင်းစံချိန်သစ်တင်ခဲ့ကြောင်း၊ ဈေးကွက်ဝယ်လိုအားကောင်းနေခြင်းကြောင့် ရွှေ၏ နှစ်စဉ်ပျမ်းမျှဈေးနှုန်းသည် တစ်အောင်စလျှင် ကန်ဒေါ်လာ ၃,၄၃၁ အထိရှိလာခဲ့ပြီး လွန်ခဲ့သည့်နှစ် ကာလတူကထက် ၄၄ ရာခိုင်နှုန်း တိုးတက်လာကြောင်း ကမ္ဘာ့ရွှေကောင်စီ၏ အချက်အလက်များတွင် ဖော်ပြထားသည်။

လွန်ခဲ့သည် သုံးနှစ်က ထူးကဲသည့်အရှိန်အဟုန်နှင့် နှိုင်းယှဉ်လျှင် ဗဟိုဘဏ်များ၏ ရွှေဝယ်ယူမှုအရှိန်က ၂၀၂၅ ခုနှစ်တွင် အနည်းငယ် နှေးကွေးသွားသော်လည်း သမိုင်းကာလတစ်လျှောက် မြင့်မားသည့်စံချိန်တွင် ရှိနေဆဲဖြစ်ပြီး တန်ချိန် ၈၆၃ တန်အထိ ရှိခဲ့ရာ ရေရှည်ပျမ်းမျှအဆင့်ထက် များစွာမြင့်မားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဖွဲ့စည်းပုံအသွင်မြင့်မားသည့် ကြွေးမြီများ၊ စဉ်ဆက်မပြတ်ဖြစ်နေသော ပထဝီနိုင်ငံရေး အန္တရာယ်နှင့် သမားရိုးကျအရန်ပိုင်ဆိုင်မှုအပေါ် ယုံကြည်ချက် ကျဆင်းလာခြင်း စသည့် ဖွဲ့စည်းပုံအသွင် အကြောင်းရင်းများက ဗဟိုဘဏ်များ၏ ရွှေဝယ်ယူမှုကို ဆက်လက်တွန်းအားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်တွင် ရွှေ၏အနေအထားဖော်ပြချက်များကို ကြည့်မည်ဆိုလျှင် ၎င်းသည် ရင်းနှီးမြှုပ်နှံမှုစုဖွဲ့ပုံတွင် တည်ငြိမ်ချက်အဖြစ်အခန်းကဏ္ဍမှပါဝင်သော ဆွဲဆောင်အားသည် နေ့စဉ်နှင့်အမျှ သိသာထင်ရှားလာသည်ဟု ဈေးကွက်သုံးသပ်သူများက ယူဆကြသည်။
ကမ္ဘာ့ရွှေကောင်စီက ရွှေဈေးနှုန်းသည် ၂၀၂၆ ခုနှစ်တွင် အားကောင်းသည့်အလားအလာကို ထိန်းထားနိုင်မည်ဟု ခန့်မှန်းထားသည်။ (Xinhua)

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ချုံဟိုင်မြို့ရှိ ရွှေဆိုင်တစ်ဆိုင်တွင် ရွှေထည်ပစ္စည်းဝယ်ယူနေသူကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ချုံဟိုင်မြို့ရှိ ရွှေဆိုင်တစ်ဆိုင်တွင် ရွှေထည်ပစ္စည်းဝယ်ယူနေသူကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————-
(Chinese Version)
综述|国际贵金属市场巨幅震荡 短期调整风险增加
新华社纽约1月29日电 综述|国际贵金属市场巨幅震荡 短期调整风险增加   新华社记者徐静
国际黄金和白银价格29日上演“过山车”行情,双双站上高位后暴跌,市场剧烈波动。分析人士认为,国际贵金属价格近期的走势吸引大量投机者涌入市场,加剧了市场波动性。
纽约商品交易所4月黄金期价29日早盘一度触及每盎司5626.80美元,3月白银期价一度触及每盎司121.785美元。之后市场突然遭遇剧烈抛售,金价在短短28分钟内暴跌380美元,跌幅近7%,银价在同一时间段暴跌11%。
世界黄金协会日前发布2025年第四季度及全年黄金需求趋势报告指出,黄金在2025年的涨势“巩固了黄金在各国央行、投资者和消费者心目中的地位”,这一结构性调整的影响将持续到2026年初。
菲尼克斯期货与期权公司总裁凯文·格雷迪认为,贵金属市场近期抛物线式上涨吸引了大量算法交易机器人操作,与此同时,许多普通交易员选择离场。这是贵金属市场剧烈波动的主要促成因素之一。
一些市场分析人士认为,仅关注价格会忽略市场当前正在发生的重要转变。对一些机构投资者而言,他们将重新评估黄金在投资组合中的比例和作用。这种重新定位在数据中也得到体现。
世界黄金协会数据显示,2025年全球实物黄金需求首次突破5000吨大关,创历史新高,金价在53个交易日刷新历史纪录。强劲市场需求推动黄金年均价达到每盎司3431美元,同比增长44%。
报告显示,与过去三年创下的超常速度相比,尽管央行购金速度2025年有所放缓,但仍保持在历史高位,达到863吨,远高于长期平均水平。结构性高负债、持续的地缘政治风险以及对传统储备资产信心下降等结构性因素将继续驱动央行购买黄金。
市场分析认为,从黄金在2025年的表现来看,其作为投资组合稳定器的吸引力日益凸显。世界黄金协会预计,金价在2026年或将保持强劲势头。(完)
1. 1月29日,在浙江省湖州市德清县禹越镇的一家金店,店员在整理黄金首饰。新华社发(倪立芳摄)
2,3. 1月29日,顾客在海南省琼海市的一家金店选购金饰。新华社发(蒙钟德摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.