Connect with us

Business

သဘာဝဘေးအန္တရာယ်ခံစားခဲ့ရသော ရပ်ရွာများအတွက် မြန်မာနိုင်ငံက ဆန်တန်ချိန် ၃,၅၀၀ လက်ခံရရှိ

အရေးပေါ်အရန်ဆန်ရိက္ခာများကို တွေ့ရစဉ် (ဓာတ်ပုံ - MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံက သဘာဝဘေးအန္တရာယ်ခံစားခဲ့ရသော ရပ်ရွာများအတွက် အာဆီယံ အပေါင်း-၃ အရေးပေါ် အရန်ဆန်ရိက္ခာ (APTERR) အစီအစဉ်အရ တောင်ကိုရီးယားနိုင်ငံနှင့် တရုတ်နိုင်ငံက ပံ့ပိုးကူညီသော ဆန်တန်ချိန် ၃,၅၀၀ လက်ခံရရှိခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနအောက်ရှိ စပါးဌာနခွဲ တာဝန်ရှိသူ ဦးယဉ်မင်းထွန်းက ဆင်ဟွာကို ဒီဇင်ဘာ ၂၄ ရက်၌ ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် အရန်ဆန်သိုလှောင်ရေးနှင့် ဖြန့်ဖြူးရေးဆိုင်ရာ APTERR အစီအစဉ်တွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ၂၀၁၇ ခုနှစ်မှ ၂၀၂၃ ခုနှစ်ကြား တောင်ကိုရီးယား၊ ဂျပန်နှင့် တရုတ် စသည့် အာဆီယံ အပေါင်း-၃ နိုင်ငံများ၏ ပံ့ပိုးမှုဖြင့် APTERR အစီအစဉ်မှတစ်ဆင့် ဆန်တန်ချိန် ၉,၀၀၀ နီးပါး လက်ခံရရှိခဲ့ပြီး သဘာဝဘေးအန္တရာယ်ခံစားရသောဒေသများထံ ဖြန့်ဖြူးပေးဝေခဲ့ကြောင်း အဆိုပါ တာဝန်ရှိသူက ဖြည့်စွက်ပြောခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံသည် ၂၀၂၃ ခုနှစ် APTERR အစီအစဉ်မှတစ်ဆင့် တောင်ကိုရီးယားနိုင်ငံနှင့် တရုတ်နိုင်ငံထံမှ လက်ခံရရှိခဲ့သော ဆန်တန်ချိန် ၃,၄၅၀ ကို ပြန်လည်ဖြန့်ဖြူးပေးဝေခဲ့ရာ လူပေါင်း ၃၄၀,၀၀၀ ကျော် အကျိုးကျေးဇူးရရှိခဲ့ကြောင်း သိရသည်။ (Xinhua)
………………………….
(English Version)
Myanmar receives 3,500 tons of rice for disaster-hit communities

YANGON, Dec. 24 (Xinhua) — Myanmar has received 3,500 tons of rice provided by South Korea and China for disaster-hit communities for 2025 under the ASEAN Plus Three Emergency Rice Reserve (APTERR) program 2024, Yin Min Htun, staff officer of the Rice Division under the Department of Agriculture, told Xinhua on Tuesday.
Since 2017, Myanmar’s Department of Agriculture, under the Ministry of Agriculture, Livestock, and Irrigation, has actively participated in the APTERR program for rice storage and distribution, said the official.
Between 2017 and 2023, Myanmar received nearly 9,000 tons of rice through the APTERR program with the contribution of Plus Three countries, namely South Korea, Japan and China, and distributed to the disaster-hit areas, he added.
Myanmar received 3,450 tons of rice from South Korea and China through the APTERR program 2023, benefiting over 340,000 people through the distribution efforts, he said.