Business
မြန်မာနိုင်ငံသို့ ၁၁ လတာကာလအတွင်း ပြည်ပခရီးသွားဧည့်သည် ၉၀၀,၀၀၀ ကျော် ဝင်ရောက်
ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံသို့ ၂၀၂၄ ခုနှစ် ပထမ ၁၁ လတာကာလအတွင်း ပြည်ပခရီးသွားဧည့်သည် ၉၇၇,၁၅၄ ဦး ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာကို ဒီဇင်ဘာ ၂၆ ရက်၌ ပြောကြားခဲ့သည်။
ယခုနှစ် ပြည်ပခရီးသွားဧည့်သည်ဝင်ရောက်မှုသည် ယမန်နှစ် အလားတူကာလက လာရောက်ခဲ့သော နိုင်ငံခြားသားခရီးသွားဧည့်သည်အရေအတွက် ၁.၁ သန်းကျော်နှင့် နှိုင်းယှဉ်ပါက ကျဆင်းသွားခဲ့ကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော ပြည်ပခရီးသွားဧည့်သည်များမှာ တရုတ်၊ ထိုင်း၊ ဂျပန်နှင့် အိန္ဒိယ စသည့်နိုင်ငံများမှ ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။
၂၀၂၃ ခုနှစ်က မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားဧည့်သည် ၁.၂၈ သန်း ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနထံမှ သိရသည်။ (Xinhua)
…………………………
(English Version)
Myanmar receives over 900,000 foreign tourists in 11 months
YANGON, Dec. 26 (Xinhua) — Myanmar welcomed 977,154 foreign tourists during the first eleven months of 2024, an official from the Ministry of Hotels and Tourism told Xinhua on Thursday.
This year’s foreign tourist arrivals were down compared to the over 1.1 million foreign tourists who visited the country in the same period last year, he said.
The primary sources of foreign visitors to Myanmar are China, Thailand, Japan, and India, he added.
In 2023, 1.28 million foreign tourists visited Myanmar, according to the Ministry of Hotels and Tourism.
Photo: A pagoda is pictured in the ancient city of Bagan, Myanmar, May 4, 2023. (Photo by Myo Kyaw Soe/Xinhua)