Connect with us

Business

မြန်မာနိုင်ငံက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပထမသုံးလအတွင်း ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၇၅ သန်း ဝင်ငွေရရှိ

မြန်မာနိုင်ငံ ရန်ကုန်မြို့ပြင်ရှိ စပါးစိုက်ခင်းတွင် အလုပ်လုပ်ကိုင်နေသော လယ်သမားများကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပထမသုံးလအတွင်း ဆန်နှင့် ဆန်ကွဲ ၃၄၅,၄၆၇ တန် တင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၇၅ သန်း ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ် (MRF) က ဇူလိုင် ၁၆ ရက် စာရင်းများအရ သိရသည်။
လအလိုက်ဖော်ပြရမည်ဆိုပါက ဧပြီလတွင် ဆန်နှင့် ဆန်ကွဲ ၁၁၁,၈၆၂ တန် တင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၅၅ သန်း၊ မေလ၌ တန်ချိန် ၇၁,၂၇၉ တန်တင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၆ သန်း၊ ဇွန်လတွင်မူ တန်ချိန် ၁၆၂,၃၂၆ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၄ သန်း အသီးသီး ရရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ထွက်ရှိသော ဆန်နှင့် ဆန်ကွဲများကို အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ တရုတ်နှင့် ဘယ်လ်ဂျီယံ စသည့်နိုင်ငံများသို့ တင်ပို့ခဲ့ကြောင်း MRF ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆန်နှင့် ဆန်ကွဲ ၁.၆ တန်ကျော် တင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၈၄၅ သန်းကျော် ရရှိခဲ့ကြောင်း MRF ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ (Xinhua)
……………………………………..
(English Version)
Myanmar earns 175 mln USD from rice exports in first 3 months of 2024-25 FY
YANGON, July 17 (Xinhua) — Myanmar earned 175 million U.S. dollars from the export of 345,467 tons of rice and broken rice in the first three months of the 2024-25 fiscal year, according to the figures from the Myanmar Rice Federation on Tuesday.
The country earned 55 million dollars from exporting 111,862 tons of rice and broken rice in April, 36 million dollars from exporting 71,279 tons in May, and 84 million dollars from exporting 162,326 tons in June.
The Southeast Asian country exported rice and broken rice to more than 20 countries including Indonesia, Malaysia, the Philippines, China and Belgium, it said.
In the 2023-24 fiscal year, Myanmar exported over 1.6 million tons of rice and broken rice, earning over 845 million U.S. dollars, according to the federation.
Photo: Farmers work in a paddy field on the outskirts of Yangon, Myanmar, Oct. 29, 2022. (Photo by Myo Kyaw Soe/Xinhua)