Connect with us

Business

မြန်မာနိုင်ငံရှိ တိုက်ရိုက်ထုတ်လွှင့်၍ ဈေးရောင်းချသူများက TikTok ၏ ဖွံ့ဖြိုးလာသော ဈေးကွက်ကြောင့် ဈေးကွက် ပိုမိုကျယ်ပြန့်လာ

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် တိုက်ရိုက်ထုတ်လွှင့်ရောင်းချသူတစ်ဦးက TikTok ဖြင့် ၎င်း၏ အထည်များကို အရောင်းမြှင့်တင်နေသည်ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ဆိုင်ခန်းတစ်ခုတွင် Live (တိုက်ရိုက်ထုတ်လွှင့်၍) အဝတ်အထည်များကို ရောင်းချသူ မသဉ္ဇာလှိုင်က ၎င်း၏ ring light tripod ကို ချိန်ညှိပြီး ၎င်း၏ကင်မရာအား စစ်ဆေးကာ “Go Live” ကို နှိပ်လိုက်သည်။
စက္ကန့်ပိုင်းအတွင်း ၎င်း၏ ဖုန်းစခရင်ပေါ်တွင် လူအများပေးသော comment (မှတ်ချက်) အများအပြား တက်လာခဲ့သည်။
“ဒီအပြာရောင်လေးပြပါ မမ”
“L ဆိုဒ်က ဘယ်လောက်လဲ”
“အဲဒါလေးကို ကိုယ်မှာကပ်ပြပေးပါ”
၎င်း၏ တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်သည်နှင့်တစ်ပြိုင်တည်း ရာနှင့်ချီသော ကြည့်ရှုသူများက ၎င်း၏ Live ကို အလုအယက် ဝင်ရောက်ကြည့်ရှုကြသည်။ ၎င်း၏နောက်ဘက်တွင် ၎င်း၏ ကိုယ်ပိုင်အမှတ်တံဆိပ်ဖြစ်သည့် Cherry Wine Fashion မှထုတ်ထားသည့် ready to ware ၀တ်စုံများကို သပ်ရပ်စွာပြသထားသည်။ ၎င်း၏ဆိုင်သည် ready to ware မြန်မာဝတ်စုံများကိုသာ သီးသန့်ရောင်းချခြင်းဖြစ်သည်။
မသဉ္ဇာလှိုင်က ယခင်က ၎င်း၏ လုပ်ငန်းကို Facebook တစ်ခုတည်းကိုသာ အပြည့်အဝ မှီခိုခဲ့ရသော်လည်း အင်တာနက်လိုင်းများ ကျဆင်းလာသည့်အတွက် TikTok တွင် စမ်း၍ အဝတ်အထည်များကို video ရိုက်ကာ တင်ခဲ့ကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။

မသဉ္ဇာလှိုင်အနေဖြင့် ၎င်းဖွင့်လှစ်ထားသည့် ဆိုင်သို့လာရောက်ဝယ်သူများအပြင် နေရာ‌ဒေသအသီးသီးမှ ဝယ်လက်အသစ်များရရှိရန် တိုက်ရိုက်ထုတ်လွှင့်မှု၍ မြန်မာဝတ်စုံများ ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကျွန်မအနေနဲ့ ဆိုင်မှာပဲ ရောင်းမယ်ဆိုရင် ဒီဆိုင်အနီအနားကလူတွေပဲ လာဝယ်ကြမှာပေ့ါ။ ကျွန်မအနေနဲ့ အနယ်နယ်အရပ်ရပ်က ဝယ်လက်အသစ်တွေကိုလည်း လိုချင်တယ်။ ဒါကြောင့် Live sale ရောင်းဖြစ်ခဲ့တာပါ။ ဆိုင်တစ်ဆိုင်ကို ဝင်လာရင် ဝယ်သူတွေက အဝတ်အထည်တွေကို တိုက်ရိုက်ကိုင်တွယ်ကြည့်ရှုနိုင်ပေမဲ့ အွန်လိုင်းမှာကျတော့ ရောင်းချသူကိုပဲ မြင်ရတာလေ။ ဒါကြောင့် ကျွန်မက customer တွေရေးတဲ့ comment တွေကို တစ်ခုချင်းစီသေချာဖတ်ပြီးတော့ သူတို့လိုချင်တာ ဘာလဲ၊ သူတို့အကြိုက်ဘာလဲဆိုတာကို သိအောင်လုပ်ရပါတယ်” ဟု ၎င်းက တိုက်ရိုက်ထုတ်လွှင့်ရောင်းချသူအတွက် မရှိမဖြစ်လိုအပ်သောအရာကို ဖြည့်စွက်ပြောကြားခဲ့သည်။
အင်တာနက်လိုင်း အခြေအနေပေါ်မူတည်၍ ၎င်း၏ တိုက်ရိုက်ထုတ်လွှင့်၍ ရောင်းချမှုသည် ၁ နာရီမှ ၄ နာရီအထိ အချိန်ကြာမြင့်တတ်ကြောင်း သိရသည်။ တချို့သော ဝယ်လက်များသည် မြန်မာဝတ်စုံများအား ပြည်ပတွင် ရောင်းချကြသည့် ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့မှ ဝယ်လက်များ အပါအဝင် လက်ကားသမားများဖြစ်ကြောင်း ၎င်းကဆိုသည်။

“TikTok မှာလည်း ယုံကြည်မှုတည်ဆောက်ရတယ်။ အခွင်းအလမ်းကောင်းလည်း ဖြစ်လာပါတယ်။ live ဆိုတော့ ကိုယ့်ဖောက်သည်တွေနဲ့ တိုက်ရိုက်ထိတွေ့ခွင့်ရတော့ သူတို့ရဲ့ လိုလားချက်တွေ၊ လိုချင်တာတွေ တန်းသိပြီး အဆင်ပြေအောင် ချက်ချင်း လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် live ကတော့ ဆက်လွှင့်နေမှာပါ” ဟု မသဉ္ဇာလှိုင်ကပြောသည်။
မြန်မာနိုင်ငံအနှံ့အပြားတွင် ညနေခင်းတိုင်း မသဉ္ဇာလှိုင်ကဲ့သို့ တိုက်ရိုက်ထုတ်လွှင့်၍ ဈေးရောင်းချကြသူများ ရှိကြသည်။ အိမ်များ၊ ဆိုင်ရှေ့များ၊ အဆောင်များတွင် ထောင်ပေါင်းများစွာသောလူငယ်များက ကုန်ပစ္စည်းများကို ဖန်တီးမှု video များပြုလုပ်၍ TikTok ကို ဈေးကွက်ကြီးသဖွယ် အသုံးချကာ အချိန်နှင့်တပြေးညီ ဝယ်ယူအားပေးသူများနှင့် ထိတွေ့လျက်ရှိသည်။

သာမန် online page အ‌ရောင်းဆိုင်များနှင့် နှိုင်းယှဉ်ပါက TikTok တွင် ဗီဒီယိုတိုက်ရိုက်လွှင့်တင်ပြီး ရောင်းချခြင်းသည် လျင်မြန်စွာ ဈေးကွက်ရရှိကြောင်း သိရသည်။ TikTok တွင်ရောင်းချသူများသည် အဝတ်အစားများဝတ်၍ လှည့်ပတ်ကပြခြင်း၊ အလှကုန်များကို စမ်းသပ်လိမ်းခြယ်ပြခြင်း၊ အရည်အသွေးကောင်းကြောင်း ပြသရန် အဝတ်အထည်များပေါ်တွင် ရေလောင်းပြခြင်း၊ သို့မဟုတ် ကြည့်ရှုသူများ တိုးပွားစေရန် ဟာသများတင်ကာ လူစိတ်ဝင်စားမှုရရှိစေရန် ပြုလုပ်ကြကြောင်း သိရသည်။

နေပြည်တော်တွင် ‌မဝေဖြာကျော်က ရွှေရည်စိမ်များ၊ stainless-steel အလှဆင်ပစ္စည်းများနှင့် ဖန်စီပစ္စည်းကို ၂၀၂၁ ခုနှစ်စတင်၍ ‌ရောင်းချခဲ့ကြောင်း သိရသည်။
“ Live sale ရောင်းတာ customer တွေနဲ့ တိုက်ရိုက်ထိတွေ့လို့ရတဲ့အတွက် ‌ရောင်းအားတွေ တက်လာတယ်။ အရင်ကတော့ ဝယ်သူတွေက အွန်လိုင်းကပဲ ဝယ်ကြတယ်။ အခုနောက်ပိုင်းမှာတော့ အွန်လိုင်းက ဝယ်သူတွေကပဲ အပြင်မှာ ဖွင့်ထားတဲ့ ဆိုင်ကိုလည်း လာဝယ်ကြသူတွေလည်းရှိတယ်” ဟု မဝေဖြာကျော်က ပြောသည်။
တိုက်ရိုက်ထုတ်လွှင့်၍ ဈေးရောင်းချခြင်း မပြုလုပ်မီ ရောင်းချမည့် ပစ္စည်းများအားရွေးချယ်ခြင်း၊ လှပအောင် ခင်းကျင်းပြသခြင်းနှင့် အသံနေအသံထားတို့ကို လေ့ကျင့်၍ သေချာစွာပြင်ဆင်ရန်လိုအပ်ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

“Live sale ရောင်းတာက အချိန်ယူပြီးပြင်ဆင်ရတယ်၊ ဒါပေမဲ့ ရောင်းအားကတော့ ကောင်းပါတယ်။ ကျွန်မရဲ့ အွန်လိုင်းနဲ့ အပြင်မှာဖွင့်ထားတဲ့ ဆိုင်ရဲ့ ရောင်းအားက အခုချိန်မှာ အတူတူပါပဲ” ဟု ၎င်းက ပြောသည်။
ဆိုရှယ်မီဒီယာ လေ့လာသုံးသပ်သူ၊ အသက် ၃၂ နှစ်အရွယ်ရှိ ကိုနန္ဒဖြိုးက TikTok ၏ စည်းမျဉ်းစည်းကမ်းများမှာ အသေးစားရောင်းချသူများကို တစ်မူထူးခြားသည့် မြင်ကွင်းမျိုးကို ပေးစွမ်းနိုင်သည်ဟု ဆိုသည်။
“Follower ၂၀၀ လောက်ပဲရှိတဲ့ ရောင်းချသူတစ်ဦးက video ကိုကြည့်ရှုသူ ၅,၀၀၀ လောက် ချက်ချင်း ရရှိနိုင်တဲ့အထိ TikTok ရဲ့ စည်းမျဉ်းစည်းကမ်းက ကြည့်ရှုသူတွေမြင်အောင် ပြသပေးတာဖြစ်ပါတယ်။ စီးပွားရေးနောက်ခံ မရှိတဲ့သူတွေအတွက် TikTok က တံခါးတစ်ချပ်ပါပဲ” ဟု ၎င်းကပြောသည်။

ဝယ်ယူသူများအတွက်လည်း စိတ်ဝင်စားမှု ချက်ချင်းဖြစ်ပေါ်စေကြောင်း သိရသည်။ ရန်ကုန်မြို့တွင် နေထိုင်သည့် အသက် ၂၄ နှစ်အရွယ်ရှိ ဈေးဝယ်သူ မခင်မေက မေးခွန်းများကို ချက်ချင်း မေးမြန်းနိုင်သောကြောင့် live ကနေ ဈေးဝယ်ရတာကို ကြိုက်တယ်။ အရောင်မကြိုက်ရင် ပြန်ပြဖို့ ပြောလို့ရတယ်” ဟု ၎င်းကပြောသည်။
သို့သော်လည်း တိုက်ရိုက်ထုတ်လွှင့်၍ ဈေးရောင်းချသည့်အခါ ခံနိုင်ရည်ရှိရန် လိုအပ်ကြောင်း သိရသည်။ မြောက်များစွာသော ရောင်းချသူများကလည်း နေ့စဉ် တိုက်ရိုက်ထုတ်လွှင့်၍ ဈေးရောင်းချလျက်ရှိသည်။ အမှာစာများ လျင်မြန်စွာကျလာပါက အိမ်အရောက် ငွေချေ စနစ်ဖြင့် ပေးပို့ခြင်းမှာ ပစ္စည်းမယူပါက ဆုံးရှုံးမှုများရှိကြောင်း မိုဘိုင်းငွေပေးချေစနစ်ဖြစ်သည့် ဒစ်ဂျစ်တယ် ငွေပေးချေမှုများသည်လည်း ကျယ်ကျယ်ပြန့်ပြန့် မတွင်ကျယ်သေးကြောင်း ရောင်းချသူများ၏ ပြောကြားချက်အရ သိရသည်။

ထိုကဲ့သို့ စိန်ခေါ်မှုများကြားမှ TikTok သည် မြန်မာနိုင်ငံ၏ e-commerce အခင်းအကျင်းကို ဆက်လက်ပုံဖော်လျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ ၂၀၂၅ ခုနှစ် ဇွန်လအထိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် အွန်လိုင်း ရောင်းဝယ်ခြင်းလုပ်ငန်းပေါင်း ၂၁,၀၀၀ ကျော် မှတ်ပုံတင်ထားကြောင်း တရားဝင်ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
“live ရောင်းချခြင်းက စီးပွားရေးနဲ့အတူ ဖျော်ဖြေမှုပါရောစပ်ထားတယ်” ဟု လေ့လာသုံးသပ်သူ ကိုနန္ဒဖြိုးက ပြောသည်။ “သာမန်လူတွေကို စွန့်ဦးတီထွင်သူတွေ၊ ဖျော်ဖြေသူတွေအဖြစ် ပြောင်းလဲပေးတယ်” ဟု ၎င်းကဆိုသည်။ (Xinhua)

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် TikTok ဖြင့် တိုက်ရိုက်ထုတ်လွှင့်ရောင်းချရန် ပြင်ဆင်နေသူတစ်ဦးကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

………………….
(English Version)
Feature: Myanmar’s livestream sellers thrive in TikTok’s booming marketplace
YANGON, Nov. 23 (Xinhua) — At her apartment in Yangon, Myanmar, livestream seller Thinzar Hlaing adjusts her ring light, checks her camera, and taps “Go Live.”
Within seconds, comments flood her screen:
“Show the blue one, sis!”
“How much for L size?”
“Please try it on!”
Her livestream has barely begun, yet hundreds have already joined. Behind her, dresses from her own brand, Cherry Wine Fashion, hang neatly on display. Her shop specializes in traditional Myanmar ready-to-wear clothing.

Thinzar said her business had once relied entirely on Facebook, but declining reach pushed her to explore TikTok.
Thinzar chose livestreaming to reach customers beyond her local area. “If I sell only in a physical shop, only people nearby will come. I want to reach everyone. That’s why I started livestream selling.”
She added that hosting skills are essential. “In a physical shop, we can observe customers directly, but online, they only see the host. We have to understand what they want by reading comments carefully.”
Her sessions usually last one to four hours, depending on internet stability. Some customers buy wholesale, including those in Singapore and Thailand who resell to Myanmar communities abroad, she said.
“I have to build trust on TikTok,” she said, adding that live shows allow direct interaction and help customers feel at ease. She has been livestreaming for several years. “As long as customers keep coming, I’ll keep going live.”
Scenes like hers unfold across Myanmar every evening. In small apartments, shopfronts, and shared hostels, thousands of young sellers are turning TikTok into a vibrant marketplace powered by real-time engagement.
Compared to traditional online shops, TikTok’s live commerce is fast and spontaneous. Sellers twirl dresses, try cosmetics, pour water over fabrics to show good quality, or crack jokes to keep viewers.
In Nay Pyi Taw, seller Ma Wai Phyar Kyaw, who runs a gold-coated and stainless-steel accessories shop, has experienced this way of selling since 2021.
“Livestream selling connects us directly with customers, and our sales have increased. At first, people ordered only online. Now, many visit my physical store,” she said.
She said that she has to prepare carefully before each stream, selecting items, arranging displays, and practicing her tone. “Livestreaming takes time, but it’s worth it. My online and offline sales are now about equal,” she said.
Social media analyst Nanda Phyo, 32, said TikTok’s algorithm gives small sellers unusual visibility. “A seller with 200 followers can suddenly get 5,000 viewers if the algorithm picks up their stream. It opens the door for people with no business background.”
For buyers, the appeal is immediacy. Yangon shopper Khin May, 24, prefers livestream shopping because she can ask questions on the spot. “If I don’t like the color, I ask to see it again.”
Still, livestreaming demands stamina. Many sellers go live daily to stay visible. Orders pile up quickly, cash-on-delivery increases cancellation risk, and digital payments are not yet universal, sellers said.
Despite these challenges, TikTok continues to reshape Myanmar’s e-commerce landscape. From October 2023 to June 2025, more than 21,000 online sales businesses were registered with Myanmar’s Ministry of Commerce, official data showed.

“Live commerce blends performance with business,” analyst Nanda Phyo said. “It turns ordinary people into entrepreneurs and entertainers,” he said. ■