Connect with us

Business

မြန်မာနိုင်ငံက ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲများ ပြုလုပ်မည်

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ရန်ကုန်ကွန်ဗင်းရှင်းစင်တာတွင် ကျင်းပသော ၂၀၂၄ ခုနှစ် ရန်ကုန်နိုင်ငံတကာကုန်စည်ပြပွဲအတွင်း လာရောက်လေ့လာသူများကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ အနေဖြင့် ပြည်ထောင်စုအဆင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲများကို ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ နေပြည်တော်တွင် ကျင်းပမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၈ ရက်ထုတ် Global New Light of Myanmar သတင်းစာအရ သိရသည်။
အဆိုပါ ပြပွဲ၊ ပြိုင်ပွဲများတွင် ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများအပြင် တိုင်းရင်းသားရိုးရာ အစားအစာများ၊ နည်းပညာနှင့် ပြည်ပစက်ယန္တရား စသည်တို့အပါအဝင် ပြခန်း ၈၀ ခန့်ဖြင့် ပါဝင်မည်ဖြစ်သည်။
ပြပွဲ၊ ပြိုင်ပွဲများတွင် ထုတ်ကုန်အမျိုးအစား ၃၁ မျိုးကို ဆုများအသီးသီး ချီးမြှင့်မည်ဖြစ်ကြောင်း သတင်း၌ ဖော်ပြထားသည်။
MSME စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ စဉ်ဆက်မပြတ်မြှင့်တင်ရန်၊ ပြည်တွင်းနှင့် ပြည်ပဈေးကွက်များအတွက် တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးတက်မှုရှိစေရန် ရည်ရွယ်၍ MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း သတင်းအရ သိရသည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ MSME လုပ်ငန်းများအကြား စုပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရန်၊ ဒေသတစ်ခု ထုတ်ကုန်တစ်မျိုးဆိုင်ရာ စီးပွားရေးလုပ်ငန်းများကို တွန်းအားပေးရန်၊ MSME စီးပွားရေးလုပ်ငန်းများကို ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများနှင့် ချိတ်ဆက်မှုများ ပိုမိုဖန်တီးနိုင်ရန်လည်း ရည်ရွယ်ခြင်းဖြစ်ကြောင်း သတင်း၌ ဖော်ပြထားသည်။ (Xinhua)
………………………..
(English Version)
Myanmar to hold Union-Level MSME product exhibitions, competitions
YANGON, Jan. 18 (Xinhua) — Myanmar will hold Union-Level MSME product exhibitions and competitions in Nay Pyi Taw from Feb. 10 to 14, the state-run Global New Light of Myanmar reported on Saturday.
The event will feature some 80 booths, including displays from ministries, states and regions, as well as traditional ethnic foods, technology, and foreign machinery, the report said.
Awards will be given to 31 types of products, it added.
The exhibitions and competitions aim to continuously improve the products and services of MSME businesses, and promote value-added products for local and foreign markets, said the report.
The event also intends to enhance collaborative efforts among MSME businesses in regions and states, encourage relevant one region-one product businesses, and further create connections of MSME businesses with internal and external investors, according to the report.
Photo: People visit an exhibition booth during the Yangon International Trade Expo 2024 at the Yangon Convention Center in Yangon, Myanmar, Oct. 25, 2024. (Xinhua/Myo Kyaw Soe)