Connect with us

Business

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၄,၀၀၀ ကျော် ဖန်တီးနိုင်မည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၁၄ ခု ခွင့်ပြု

မြန်မာနိုင်ငံရှိ အထည်ချုပ်လုပ်ငန်းတွင် လုပ်ကိုင်နေကြသူများကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၁၄ ခု ခွင့်ပြုခဲ့ကြောင်း ဒီဇင်ဘာ ၉ ရက်ထုတ် နိုင်ငံပိုင်နေ့စဉ်သတင်းစာ The Global New Light of Myanmar တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၊ နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် အဆိုပါအစည်းအဝေးတွင် စက်မှုကဏ္ဍမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၅ ခု၊ စက်မှုကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့မှ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၉ ခုကို ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၅၇.၂၉၅ သန်းနှင့် ကျပ် ၄၅.၅၀ ဘီလီယံကျော်ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၄,၁၁၉ ဦးကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းအစည်းအဝေးတွင် ခွင့်ပြုသည့်လုပ်ငန်းများတွင် လျှပ်စစ်သုံးနှစ်ဘီး၊ သုံးဘီးမော်တော်ဆိုင်ကယ် တပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်း၊ မော်တော်ယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်းများနှင့် ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်ငန်းများနှင့် အထည်ချုပ်လုပ်ငန်းတို့ ပါဝင်ကြောင်း သတင်း၌ ဖော်ပြထားသည်။

၂၀၂၅ ခုနှစ် နိုဝင်ဘာလကုန်အထိ ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သောနိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ကြောင်း သတင်းအရ သိရသည်။
ရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများအနေဖြင့် လျှပ်စစ်ဓာတ်အားကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၈.၂၈ ရာခိုင်နှုန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄.၆၅ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၄.၆၀ ရာခိုင်နှုန်းဖြင့်လည်းကောင်း အသီးသီးရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံသူများမှ တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှုအဆိုပြုချက်များကို စိစစ်ခွင့်ပြုခြင်းနှင့် လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)

…………………….
(English Version)
Yangon (AAA120914) Myanmar Investment Commission approves 14 new investment projects, creating over 4,000 jobs
YANGON, Dec. 9 (Xinhua) — The Myanmar Investment Commission (MIC) has approved 14 new investment projects, state-owned daily The Global New Light of Myanmar reported on Tuesday.
At its meeting on Monday in Nay Pyi Taw, the MIC approved five new foreign investments and nine new local investment projects in the industry, hotel, tourism and service sectors, the report said.
The total investment is 57.295 million U.S. dollars and over 45.50 billion kyats (about 21.66 million U.S. dollars), and the projects are expected to create 4,119 jobs, it said.
The approved businesses include EV motorcycle and automobile assembly, education services, food processing, and garment manufacturing, it added.
As of the end of November 2025, Singapore, China, and Thailand remain the top foreign investors in Myanmar, it said.
Of the 12 investment sectors, the electricity sector leads with 28.28 percent of total investment, followed by the oil and natural gas sector at 24.65 percent, and manufacturing at 14.6 percent, it added.
The Myanmar Investment Commission oversees and approves investment project proposals from local and foreign investors, and provides services to the existing investors under the Myanmar Investment Law, it said. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.